စတိတ်ရှိုး လုံးဝမပါဘဲ မြန်မာမှုအနုပညာတွေနဲ့ပဲ တင်ဆက်နေတဲ့တင်မောင်ဆန်း မင်းဝင်းရဲ့ မိုးရာသီ ဖျော်ဖြေပွဲ

0
147

တင်မောင်ဆန်းမင်းဝင်းက မိုးရာသီအထူးဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ မျှော်စင်ကျွန်းက ရွှေဇာတ်ရုံမှာ ကပြလျက်ရှိပါတယ်။ အပတ်စဉ်စနေနဲ့ တနင်္ဂနွေနေ့တွေမှာကပြနေတာဖြစ်ပြီး ဒီနှစ်နဲ့ ဆိုရင် ၄ နှစ်မြောက်ရှိပြီလည်းဖြစ်ပါတယ်။ သူဟာ မိုးရာသီဖျော်ဖြေ ပွဲကို ကပြရခြင်းက မြန်မာ့ဇာတ်သဘင်ကို လူငယ်တွေကြားထဲမှာပျံ့နှံ့စေလိုတဲ့ ရည်ရွယ်ချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီရည် ရွယ်ချက်တွေနဲ့အတူ မြန်မာ့ဇာတ်သဘင်ရဲ့ တင်ဆက်မှုစစ်စစ် တွေကိုပဲ ပြသခဲ့တာဖြစ်ပြီး စတိတ်ရှိုး မပါဝင်ပါဘူး။ မြန်မာ့ ဇာတ်သဘင်မှာ စတိတ်ရှိုးတွေကြီးပဲ ကြီးစိုးနေတယ်လို့ ပြောနေ ကြတဲ့ အပြောတွေကို တင်မောင်ဆန်းမင်းဝင်းရဲ့ မိုးရာသီ ဖျော်ဖြေ ပွဲက ချေဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

“သဘင်အားနည်းနေတဲ့ အချိန်မှာ ကျွန်တော်တို့တွေ ဆွဲတင် ပေးနေပါတယ်။ အခုဆိုရင်လည်း ပွဲကိုလာ ကြည့်တဲ့သူတွေလည်း ကြိုက်အောင် တီဗီဖန်သားပြင်က ပရိသတ်တွေ ကြိုက်အောင် လုပ်ပေးရပါတယ်။ အဲဒီလိုကြိုက်အောင် တင်ဆက်တဲ့အခါမှာ ကျွန်တော်အမျိုးမျိုးစဉ်းစားရပါတယ်။ ကျွန်တော့်အနေနဲ့ တတ်နိုင် သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပါတယ်။ သမိုင်း လေး ကောင်းအောင်ပေါ့လေ။ ကျွန်တော်တို့ အားနည်းသွားတဲ့ အရာက ပရိသတ်အကြိုက်လိုက်ရင်းနဲ့ နောက်ပိုင်းကဏ္ဍတွေ မလုပ် ကြတော့ဘူး။ စတိတ်ရှိုးလို့ အော်နေကြတဲ့အချိန်မှာ စတိတ်ရှိုးပဲ လုပ်ခဲ့ကြတယ်။ ကျွန်တော်တို့က အစပေါ့လေ။ ဒီမိုးရာသီ ဖျော်ဖြေပွဲ မှာဆိုရင် စတိတ်ရှိုးမပါဘူး။ စတိတ်ရှိုးမပါတာကို လူတွေ မပျင်း အောင် တင်ဆက်ပေးထားပါတယ်”လို့ တင် မောင်ဆန်းမင်းဝင်းက ပြောပါတယ်။ မိုးရာသီ ဖျော်ဖြေပွဲက ငွေကြေးအမြတ်အစွန်းထက် အနုပညာကိုသာ အဓိက ထားပြီးပြသချင်လို့ ပြု လုပ်တဲ့ပွဲလည်းဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here