ကိုယ်ရွေးချယ်တဲ့ အချစ်ပေါ်မှာပျော်ရွှင်တယ်ဆိုတဲ့နေခြည်ဦး

0
272

လတ်တလောမှာလည်း နေခြည်ဦးကို အချစ်ရေးနဲ့ ပတ် သက်ပြီး ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံရတာတွေကိုတော့ နေခြည် ဦးက တော်တော်လေးလည်း အရေ ထူ နေပါပြီ။

“နေခြည်တို့ ချစ်ကြိုက်တာ လည်း ကြာပါပြီ။ စကြိုက်ကတည်း ကလည်း သတင်းတွေက ထွက်နေ တာပါ။ ကြိုက်တာလည်း ကြာနေပြီ ဖြစ်တဲ့အတွက် သတင်းတွေ ထွက်တဲ့ အပေါ် နေခြည့်ရင်ထဲမှာ ဘာမှ ခံစားချက် မရှိတော့ပါဘူး။ ကိုယ်ရွေး ချယ်တဲ့အချစ်ပေါ်မှာ ပျော်ရွှင်တယ်။ နေခြည့်ချစ်သူက နေခြည်ချစ်တာ ထက် နှစ်ဆ၊ သုံးဆ ပြန်ချစ်ပေးနိုင် တယ်။ နှစ်ယောက်စလုံးကလည်း လိပ်ပြာသန့်သန့်နဲ့ ချစ်တာပေါ့။ ဒီလိုမျိုး၊ အနုပညာရှင် တစ် ယောက် celebrity တစ် ယောက်ဖြစ်တဲ့ အ တွက်ကိုယ့်ရဲ့ အချစ် ရေးက လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ခံရမှာပါပဲ။ ဒါကို ပြန်လည် ရှင်းပြဖို့ လည်း မလိုဘူး ထင်ပါတယ်။ ကာယကံရှင် တွေက အသိဆုံးပါပဲ။ ကိုယ့်ကို လူအထင်သေးအောင်၊ နာမည်ပျက်အောင် လုပ်တာ အရင် ကတည်းကလည်း ဖြစ်ဖူးပါတယ်။ နေခြည့်Relationship ကို အစ ကတည်းက Public မှာ တွဲပြတယ်။ ချပြထား ပါတယ်။ ဒီလိုသတင်းတွေ ထွက်လာတဲ့အတွက် စိတ်မကောင်း တော့ ဖြစ်မိတယ်။ မဟုတ်တဲ့သတင်း တွေရော၊ အသရေဖျက်တဲ့သတင်း တွေရော အများကြီးပါလာပါတယ်။ ပြန်ပြီး တုန့်ပြန်ဖို့ မရှိပါဘူး။ ကိုယ့် အလုပ်ရဲ့ တစ်စိတ်တစ်ဒေသ၊ ကိုယ့် ရဲ့အလုပ်မှာပါလာတဲ့ အကြောင်း အရာတစ်ခုလို့ပဲ သတ် မှတ်ထားပါ တယ်” လို့ ပြောပါတယ်။

သတင်းဆိုးတွေ ထွက်ပေါ်လာ ပေ မယ့်လည်း ဒီသတင်းတွေက သူတို့ ချစ်သူနှစ်ဦးကို ပြိုကွဲအောင်မလုပ်နိုင် ဘဲ ချစ်မေတ္တာ ပိုပြီး ခိုင်မြဲလာခဲ့ပါ တယ်လို့ ပြောပါ တယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here