အွန်လိုင်းမှာပဲ အခွေဈေးနှုန်းကို လျှော့ချပြီးရောင်းမှရတော့မယ်လို့ပြောတဲ့ သားစိုး

0
70

လက်ရှိဂီတဈေးကွက်ကတော့ အခွေဖြန့်ချိရေးတွေကနေ ဖြန့်တာထက် အွန်လိုင်းကနေဖြန့်တာ ပိုမိုများပြားလာပြီဖြစ်ပါတယ်။ အခွေဖြန့်ချိရေးဆိုင်တွေဆိုရင်လည်း နည်းပါးလာပြီဖြစ်သလို ခိုးကူး တွေကြောင့်လည်း မူရင်းအခွေတွေက ရောင်းချရမှု အလွန်နည်းပါးလာ တာကြောင့် အွန်လိုင်းကနေ ဖြန့်ချိမှုတွေများပြားလာရခြင်းပဲဖြစ်ပါ တယ်။ ဒီလိုအွန်လိုင်းကနေ ဖြန့်ချိတဲ့အခါမှာလည်း အဆိုတော်တွေ တော်တော်များများက တစ်ကိုယ်တော်စီးရီးခွေ မထွက်ခင်မှာ ပရိသတ်တွေနဲ့အဆက်မပြတ်ရလေအောင် သီချင်းတစ်ပုဒ် လောက်ကို အွန်လိုင်းကနေဖြန့်ချိဖြစ်တာတွေများပါတယ်။ အခု ခေတ်ကလည်း အွန်လိုင်းခေတ်ဖြစ်လာတဲ့အတွက် ဒီဈေးကွက် က ပိုမိုမြန်ဆန်တယ်လို့ပဲ ဆိုရတော့မှာပါ။

“ဖြစ်သင့်တာကတော့ သီချင်း တစ်ပုဒ်ကို ၁၅ ကျပ် လောက်နဲ့ရောင်းပြီး ဗူဘကာတစ်ချပ်ကို ၁ဝဝ လောက်နဲ့ ရောင်းရင်တော့ မဆိုးဘူးပေါ့။ ဒါဆိုရင်တော့ နယ်တွေက ဝယ်ပေးနိုင်လိမ့်မယ်လို့ ယူဆတယ်။ ၁ဝဝဝ နဲ့ကတော့ သူတို့ ဝယ်မှာမဟုတ်ဘူး။ ပြန်ကာမိပါတယ်။ ဘာကြောင့်လဲဆို တော့ ၁ဝဝ ကျပ်နဲ့ရောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ လူဦးရေ ၁ သန်းပဲဝယ်ကြည့်ပါ။ အဆင်ပြေပါတယ်။ကျွန်တော်ကတော့ Application ဘက်ကို မသွားနိုင်သေးဘူး။ ကျွန်တော်သွားနိုင်တဲ့ တစ်နေ့ကျရင် တော့ ကျွန်တော် ၁ဝဝ ကျပ်နဲ့ ရောင်းမယ်။ ဒီအချိန်မှာက တော့ ဖုန်းနဲ့ပဲနားထောင်နေကြတာများတယ်လေ။ ဒစ်ဂျစ်တယ်မှာပဲ အခွေဈေးနှုန်းကို လျှော့ချပြီးတော့သွားမှပဲရမယ်။ နို့မို့ဆိုရင်တော့ ဘယ်လိုမှ ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အခြေခံလူတန်းစား အားလုံးဝယ်နိုင်တဲ့ဈေးကို သွားမှသာလျှင် ရပ်တည်နိုင်မှာဖြစ်ပါတယ်”လို့ သားစိုးက အွန်လိုင်းဈေးကွက်နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ပြောပြပါ တယ်။

အဆိုတော်တွေအနေနဲ့လည်း တစ်ကိုယ်တော်စီးရီးခွေထွက်ရှိတဲ့ အခါမှာ ခိုးကူးတဲ့ဒဏ်ကိုလည်းခံရသလို ဒီနေ့ထွက် မနက်ဖြန်ဒေါင်းလုတ်လင့်ခ်တွေ အွန်လိုင်းမှာ ပျံ့နေတဲ့ဒဏ်ကိုလည်း ခံစားရပါတယ်။ ဒါကလည်း ငွေကြေးဆုံးရှုံးမှုတစ်ခုပဲ ဖြစ်ပါတယ်။

“ဒေါင်းလုတ်လင့်ခ်တွေလာတော့မယ်ဆိုတော့ ၂ဝ၁၄ ခုနှစ်ကတည်းက ကျွန်တော်ပြောခဲ့ပါ တယ်။ ကျွန်တော်လန်ဒန်မှာ ကျောင်းသွားတက်ခဲ့တဲ့ ၂ဝဝ၁ ခုနှစ်ကတည်းက ဟိုမှာက ဒေါင်းလုတ်လင့်ခ်တွေက တအားပြဿနာတက်နေပြီ။ အဲဒီပြဿနာတွေကိုသိတော့ ကျွန်တော့်အနေနဲ့ ရှင်းပြခဲ့ပါတယ်။ နည်းပညာတွေ ပိုပေါ်လာလေလေ ဒေါင်းလုတ် ပိုပေါ် လေလေပဲ။ ဒေါင်းလုတ်ဈေးလည်း မကြီးတော့ဘူး။ နောက်ပိုင်းက အကုန် free ဖြစ်တော့ မှာလေ။ အရင်ကတည်းက ကျွန်တော်ကြိုပြောတယ်။ အဆိုတော်တွေကို ခေါ်တယ်။ ဆက် သွယ်ရေးဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနဲ့တွေ့ပေးမယ်ပေါ့။ ဝန်ကြီးတွေက တွေ့ဆုံဖို့လိုလို လားလား လက်ခံတယ်။ အဆိုတော်တွေကမလာဘူး။ နာမည်ကျော်အဆိုတော် ၃၄ယောက် ဖိတ်တယ်။ ၇ ယောက်ပဲလာတယ်။ ဒီကိစ္စကို ပြောဖို့အတွက်ပေါ့လေ။ ၃၄ ယောက်မှာ ၇ ယောက်ဆိုတော့ အချိုးကျကြည့်တဲ့အခါမှာ အဆို တော်တွေဘက်က မလုပ်ချင်ဘူးလို့ ကျွန်တော်ယူဆမိတဲ့အတွက်ကြောင့် ကျွန်တော်ဂီတအစည်းအရုံးမှာကို မလုပ်တော့ဘူး။ လူငယ်တွေအနေနဲ့ကတော့ လုပ်ချင်တယ်ဆိုရင် သူတို့ ခေါင်းဆောင်သူတို့တင်ပြီး ဆက် လုပ်သင့်တယ်လို့ ယူဆတယ်”လို့ ဒေါင်းလုတ်လင့်ခ်တွေနဲ့ပတ်သက်လို့ ကြုံတွေ့နေရတဲ့ အခက်အခဲကို သားစိုးက ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here