အဖွဲ့အစည်းအပေါ်ကို အားကိုးပြီး လုပ်တဲ့အထဲမှာ မပါဘူးလို့ဆိုတဲ့ဖော်ကာ(Wanted)

0
218

S.I.R Rock House ထဲက အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Wanted အဖွဲ့က အခုဆိုရင် သူတို့ရဲ့ စတုတÄ မြောက် စီးရီးခွေထွက်ရှိလာခဲ့ပါပြီ။Wanted အဖွဲ့က ဖော်ကာနဲ့ တွေ့ဆုံခိုက် လွန်ခဲ့တဲ့ နှစ်အပိုင်းအခြား က အောင်မြင်ခဲ့တဲ့ S.I.R Rock House မှာWanted အဖွဲ့အနေနဲ့ ပါဝင်သွားဦးမလားဆိုတာကို မေးဖြစ်ခဲ့ပါတယ်။

“ကျွန်တော် အဲဒီလိုတော့မရှိပါဘူး။ စိတ်တူတဲ့သူနဲ့ဆိုရင်ပေါင်းလိုက်တာပဲ။ အဖွဲ့အစည်းပေါ်ကို အားကိုးပြီး လုပ်တဲ့အထဲမှာ ကျွန်တော်မပါဘူး။ အဖွဲ့အစည်းကြောင့် ထိခိုက်သွားတာထဲမှာလည်း မပါ ဘူးလို့ ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်တယ်။ ဆက်တော့မလုပ်ဖြစ်လောက်ဘူးလို့ ကျွန်တော် ထင်တယ်။ ကိုယ်နဲ့စင်ပေါ်မှာ သီဆိုမယ့်သူ ကြိုက်တဲ့သူလာခဲ့၊ ကျွန်တော်က ရတယ်” လို့ ဖော်ကာက ပြောပါတယ်။S.I.R အနေနဲ့ ဆက်မလုပ်ကိုင်ဖြစ်တော့ပေမယ့်အပြင်မှာ Personal အရ ခေါ်ပြောတာ တွေ ရှိသေးလားလို့ဆိုတော့ “တွတ်ပီ(ရေမွန်-Idiots) နဲ့က တော့ တွေ့နေတာပဲ။ သူနဲ့ ဖုန်းလည်းပြောဖြစ်တယ်။ တစ်နေ့ကတောင် ကျွန်တော့်မိန်းမ ကလေးမွေးတော့ သူက Congratulations တွေလုပ်သွား သေးတယ်။ စီးရီးခွေထွက်မယ့်ဟာရော၊ ကလေးအတွက်ရောပေါ့။ သူကတော့ လူပျိုကြီးဖြစ်မှာပါ။ သေချာပါတယ် (ရယ်လျက်)” လို့ ဖော်ကာက ပြောပါတယ်။

Wanted ရှဲ့Show ရော ဘယ်တော့ လောက် ထပ်မြင်တွေ့ရဦးမလဲလို့ ဖော်ကာကို မေးမြန်းတော့ –

“ကျွန်တော့်ရဲ့ One Man Show က ရန်ကုန်မှာ ၂နှစ်ရှိပြီ။ ဆက်တိုက်ပေါ့။ ဒီအခွေထွက်ပြီး ဘုရား၊ သိကြားမလို့ အဆင်ပြေရင် မန္တလေးမှာ ၁ဝလပိုင်းလောက် ဆွဲမ လားလို့၊ မန္တလေးက ကျွန်တော့်အမျိုး တွေကလည်း တစ်ချိန်လုံးပြောနေတာ ဆိုတော့။ သူတို့ကလည်း တစ်ချိန်လုံး ရန်ကုန်ကို လာလာကြည့် နေရတော့လေ။ ၁ဝ လပိုင်း လုပ်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်” လို့ ဖော်ကာက ပြောပြခဲ့ပါတယ်။

P-069 ၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here