အသရေဖျက်မှုရာဇဝတ်ဆိုင်ရာ ဥပဒေပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုလိုက်တဲ့ စိုးမြတ်နန္ဒာ

0
327

စိုးမြတ်နန္ဒာက စိုးသူထံမှ ရရန်ရှိသည့် ငွေကြေးများကို နိုင်ငံပိုင်သတင်း စာမှတစ်ဆင့် တောင်းခံသူ ဦးကျော်ကျော်ထွန်းအား အသရေဖျက်မှု ရာဇဝတ် ဆိုင်ရာဥပဒေပုဒ်မ ၅ဝဝ ဖြင့် သြဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်း မြို့နယ် တရားရုံးတွင် ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ဦးကျော်ကျော်ထွန်းမှ ကိုစိုးသူ၊ မစိုးမြတ်နန္ဒာနှင့် အများသိစေရန် ကြေညာခြင်းဆိုပြီး ငွေကြေးပေးရန် ပျက် ကွက်ကြောင်း ကြေညာချက်ကို နိုင်ငံ ပိုင်သတင်းစာများမှာ ထည့်သွင်း ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ငွေကြေး ကိစ္စဟာ စိုးမြတ်နန္ဒာနဲ့ သက်ဆိုင် ခြင်း မရှိကြောင်း၊ အခုလိုကြေညာ ခြင်းဟာ စိုးမြတ်နန္ဒာရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေ ရန် ရည်ရွက်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် နစ် နာကြေး သိန်း ၁၅ဝဝဝ ကျပ်ကို ၇ ရက်အတွင်းပေးရန် ပြန်လည်ကြေ ညာခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာရဲ့ ရှေ့နေ ဦးနေလက …

“စိုးမြတ်နန္ဒာကို ငွေကြေးလိမ်လည်တဲ့သူ တစ်ဦးဖြစ်အောင် စွပ်စွဲ ကြေညာချက်တွေနဲ့ပတ်သက်ပြီး သိန်းပေါင်း ၁၅ဝဝဝ လောက် နစ်နာကြေး တောင်းသင့်တယ် လို့ ဆရာကပဲ သတ်မှတ်ပေးလိုက်တာပါ။ အချိန်ကာလ သတ်မှတ်ချက်မှာ မပေးဖူးဆိုရင် တရားစွဲဖို့ပေါ်ပေါက်မှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here