အက်ရှင်ကားမှာပါဝင်သရုပ်ဆောင်ဖို့ Training တွေလုပ်သွားမယ့်မေမြတ်နိုး

0
258

မော်ဒယ်လ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မေ မြတ်နိုးကတော့ လက်ရှိမှာရုပ်ရှင် ဇာတ်ကားများ ဆက်တိုက်ရိုက်ကူးနေ ပြီဖြစ်ပါတယ်။ သူကတော့ မကြာသေးမီက ဒါရိုက်တာသားညီ ရိုက် ကူးတဲ့ ၂၅% ရုပ်ရှင်ဇာတ်ကားမှာလည်းပါဝင် သရုပ်ဆောင်ထားပါ တယ်။ နောက်ထပ်လည်း ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရပြီး ကာရိုက်တာပိုင်းနဲ့ ပတ်သက်ပြီး ပြင်ဆင်မှု တွေကိုလည်း သရုပ်ဆောင် မေမြတ်နိုးက အခုလို ပြောပြခဲ့ပါတယ်။

“မြတ်နိုးနိုင်ငံခြားနဲ့ ရုပ်ရှင် ကားရိုက်ဖို့စကားပြောထားတာရှိပါတယ်။ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့လည်း ကမ်းလှမ်းထားတာရှိပါတယ်။ အခု မြတ်နိုးကို လာပြောထားတဲ့ ကာရိုက် တာတွေကတော့ အက်ရှင်ကားတွေ ဖြစ်မယ်။ အက်ရှင်ကားတွေဆိုပေ မယ့်လည်း မြတ်နိုးကိုယ်တိုင် အက် ရှင်ချတာတွေတော့ မပါလောက်ဘူး ထင်တာပဲ။ အက်ရှင်ချတာတွေပါ လားမပါလားဆိုတာတော့ ပရိသတ် တွေကို စောင့်ကြည့်စေချင်ပါတယ်။ မြတ်နိုးကတော့ အဲဒီလိုအက်ရှင်ချ တာတွေ ပါသနာပါတယ်။ ဒါပေမဲ့ မြတ်နိုး ပုံစံကြည့်လိုက်ရင် အက်ရှင် တွေ ချနိုင်မယ့် ပုံမပေါ်ဘူး။ အဲဒါ တွေအတွက်ကတော့ အရင်လေ့ကျင့် ရမှာပါ။ အဲဒီလိုကာရိုက်တာတွေ မ ရိုက်ခင်ပေါ့။ နောက်ထပ် လည်း ပိုပြီး Train သွားဖို့ရှိပါတယ်။ ကိုယ်ခန္ဓာ ကျန်းမာဖို့အတွက်လည်း အမြဲတမ်း Train နေသင့်တယ်လို့ထင်ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။
သူကတော့ ဘယ်သွားသွား ဘယ်လာလာ အမေနဲ့အတူသွား လာလေ့ရှိတဲ့ အမေချစ်သမီး တစ်ယောက်ပါ။ အမေက သူ့ အတွက် Role Model တစ်ဦး လည်းဖြစ်တယ်လို့ ပြောလာတဲ့ သရုပ်ဆောင် မေမြတ် နိုးက …

“အမေက အမြဲတမ်း အားပေးနေတယ်။ ဖေးမပေးတယ်။ အရှေ့မှာရော အနောက်မှာ ရောဘေး မှာရော အမြဲ ရပ်တည်ပေးတဲ့အမေတစ်ဦးကို ပိုင်ဆိုင်ထားတဲ့ အတွက် အမြဲတမ်းဂုဏ်ယူ ဝမ်းသာ ပြီးတော့ ပျော်ရွှင်ရပါတယ်။ အမေက မြတ်နိုးနဲ့ညီအစ်မလိုလည်း ပေါင်းတယ်၊ သူငယ်ချင်း လိုလည်း ပေါင်းတယ်ဆိုတော့ တအားလည်း အဆင်ပြေ ပါတယ်။ တချို့ဆိုရင်မိဘ တွေနဲ့ စကား သိပ်မပြောဖြစ်ဘူး လေ။ အဲဒါကတော့ နည်းနည်းမကောင်း ဘူးလို့ထင်တယ်။ မိဘဆိုတာက ကိုယ်နဲ့ အနီးစပ်ဆုံးလူလေ။ အဲဒါကြောင့်သူတို့တွေနဲ့ ကအမြဲတမ်းပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ရမယ်။ ပွင့် ပွင့်လင်းလင်း တိုင်ပင်နိုင်ရမယ်။ အဲဒီလိုဆိုရင် ပိုကောင်းတာပေါ့။ အဲဒါကြောင့် ရင်းနှီးအောင်နေတယ်။ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ အဲဒီ အတွက်တအားကောင်းပါတယ်” လို့ ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here