ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပြဇာတ်ကို ရုပ်ရှင်အနေနဲ့ ရိုက်ကူးချင်တဲ့ ဦးချမ်းသာ

0
106

သဘင်မင်းသားကြီးဦးချမ်းသာက ဆိုငိုပြော တအားကောင်းတဲ့မင်းသားကြီး တစ်ဦးဖြစ်သလို ပြဇာတ်ရေးသားမှုမှာလည်း အလွန်တော်တဲ့ မင်းသား ကြီး တစ်ဦးရယ်ပါ။ ဒီနှစ်မှာတော့ သူက ပြဇာတ်အသစ် နှစ်ပုဒ် ရေးသားထားတယ်လို့ သိရပါတယ်။

”တစ်ပုဒ်ကရင်နှင့်အမျှ (သို့မဟုတ်) ‘နောက်ဆုံး အစာ’လို့ နာမည်ပေးထားပါတယ်။ ‘နောက်ဆုံး အစာ’လို့ နာမည်ပေးထားတာကို ဦးချမ်း ပရိ သတ်တွေက စိုးရိမ်ကြတယ်။ အဲဒီတော့ တစ်ခု အရှေ့ကခံပေးပါဆိုလို့ ‘ရင်နှင့် အမျှ’ ခံထားပေးလိုက်တာပါ။ မောင် နဲ့နှမ၊ သားနဲ့အမိ တအားကြည့်ရှုလို့ ကောင်းမယ့် ဇာတ်လမ်းလေးပါ။ ကရတာကိုဈာန်ရှိနေတာ။ ဒီပြ ဇာတ်မှာစဖွင့်ကတည်းက အား လုံးရဲ့ အနုပညာတွေကို မြင် တွေ့ရမှာပါ။ ဒုတိယ ပြဇာတ်ကတော့ ‘နတ်ထိသည်းခြေ’ပါ။ အခုမကြာခင်မှာပဲ ဇာတ်တိုက်တော့ မှာပါ။ တတိယပြဇာတ်ကတော့ဆရာကြီး နွမ်ဂျာသိုင်းရဲ့ တစ်ခါတုန်းက တက္ကသိုလ်မှာ ဇာတ်ထုပ်ကြီးကို ရွေးချယ်ထားပါတယ်” လို့ သူရေးသားထားတဲ့ ပြဇာတ်အသစ်တွေနဲ့ ပတ်သက်လို့ ဦးချမ်းသာက ပြောပြပါတယ်။ ဒီနှစ် ဇာတ်သဘင် ရာသီမှာတော့ ပရိသတ်တွေအနေနဲ့ ပြဇာတ်အသစ်တွေအများကြီး မြင်တွေ့ရမှာဖြစ်ပြီး ပရိသတ်တွေတောင်းဆိုထားတဲ့ ပြဇာတ်တွေရော၊ ပြဇာတ်အသစ်တွေရော ကြည့်ရှုကြရမှာပါလို့ သူကပြောပါတယ်။ သူရေး သားခဲ့တဲ့ ပြဇာတ်တွေကိုလည်း ရုပ်ရှင်နဲ့ဗီဒီယို ဇာတ်ကားတွေ ရိုက်ကူး ခဲ့တာများ ပါတယ်။ မကြာခင်က ရုံတင်ပြသခဲ့တဲ့ ဝိညာဉ်စိမ်း ရုပ်ရှင် ဇာတ်ကားကြီးဟာဆိုရင်လည်း သူ့ရဲ့ပြဇာတ်ကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော် ထားတာပဲဖြစ်ပါတယ်။ ဦးချမ်းသာက သူ့ရဲ့ရွှေမန်းဇာတ်မှာတော့ ပြဇာတ် တွေကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး တင်ဆက်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် လည်း ပြဇာတ်ကို ရုပ်ရှင်အဖြစ်ပြန်လည်ပုံဖော်တဲ့အခါမှာ ကိုယ်တိုင် ဒါရိုက်တာအနေနဲ့ ပုံဖော်ရိုက်ကူးရင် ပိုပြီးတော့ ကောင်းမလားဆိုတဲ့မေးခွန်း ကို မေးမြန်းတဲ့အခါမှာတော့ –

” ဦးချမ်း စိတ်တအားကူးခဲ့ပါတယ်။ ဦးချမ်းလုပ်မယ်ဆိုရင်လည်း ဆရာ ကြီးတွေဆီမှာ လိုက်ပြီးတော့ ပညာတွေယူပြီး သင်ဦးမှာပါ။ လွယ်လင့်တကူ တော့ မလုပ်နိုင်ပါဘူး။ ကိုယ့်လမ်းကြောင်း မဟုတ်တဲ့အတွက်ကြောင့်ပါ။ ဦးချမ်းလုပ်တော့ တအားလုပ်ချင်ပါတယ်။ ဦးချမ်းမျက်လုံးထဲမှာ လုပ်ကွက် တွေအများကြီးပါပဲ။ တစ်ချိန်တော့ဖြစ်လာမယ်ထင်ပါတယ်” လို့ ဦးချမ်းသာ ကပြောပါတယ်။ သဘင်မင်းသားကြီး ဦးချမ်းသာဟာ အသက် ၆ဝ ပြည့်ခဲ့ပြီ ဖြစ်သလို သဘင်သက်တမ်း နှစ် ၄ဝ ပြည့် အနုပညာဖျော်ဖြေပွဲကြီးကိုလည်း ခမ်းနားကြီးကျယ်စွာ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ရွှေမန်းသဘင် ရဲ့ မျိုးရိုးဂုဏ်ကိုလည်း ထိန်းသိမ်းရင်း ဇာတ်သဘင်လောကမှာ မျိုးဆက်သစ် များ ရိုသေလေးစားကြတဲ့ မင်းသားကြီးတစ်ဦးအဖြစ်လည်း ရပ်တည်လျက် ရှိပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here