ရွှေဝါရောင်အရေးအခင်းနောက်ခံနဲ့ မိုးပန်းပွင့်အဖြစ် ပရိသတ်ရှေ့မှောက်ရောက်ရှိလာတော့မယ့်သရုပ်ဆောင် မေမြင့်မိုရ်

0
262

ရုပ်သံဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ရာမှ ပရိသတ်ရဲ့ချစ်ခင်အား ပေးမှုရရှိလာတဲ့ သရုပ်ဆောင်မေမြင့်မိုရ်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးများ မှာ ဆက်တိုက်ပါဝင်ရိုက်ကူးနေပြီဖြစ်ပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မိုး ပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင်ဇာတ်ကားမှာလည်း မိုးပန်းပွင့်ဆိုတဲ့ အဓိကဇာတ် ကောင်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ် ကားကတော့ ရွှေဝါရောင်အရေးအခင်းဖြစ်ပွားခဲ့တဲ့ ကာလတစ်ခုကို နောက်ခံထား ကာ နိုင်ငံရေးနဲ့ လူငယ်သဘာဝအချစ်ဇာတ်လမ်းကို ရိုက်ကူးပုံဖော်ထားတဲ့ ရုပ် ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီလိုနိုင်ငံရေးနောက်ခံရုပ်ရှင်ဇာတ်ကားကြီး မှာ အဓိက ဇာတ်ကောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် ရင်ခုန်မှုကိုလည်း မေမြင့်မိုရ်က အခုလိုပြောပြခဲ့ပါတယ်။

“မိုးပန်းပွင့်ရဲ့ သင်္ကေတရုပ်ရှင်ဇာတ်ကားမှာတော့ မိုးပန်းပွင့်ဆိုတဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ထားပါတယ်။ အဖေကတော့ နိုင်ငံရေးသမား၊ အမေကတော့ နိုင်ငံရေးလုပ်တာကိုမကြိုက်ဘူး။ အမေကလည်း စီးပွားရေးကို အလေးထားပြီးတော့ သမီးကိုဂရုမစိုက်နိုင်ဘူး။ အဖေနဲ့အမေနဲ့ကွဲပြီးတော့ အဖေ့ရဲ့မေတ္တာကိုလည်းမရဘူး။ အမေ့ရဲ့မေတ္တာကိုလည်းမရဘူး။ ကိုယ်ချစ်သူထားတဲ့အခါကျတော့လည်း အချစ် တွေအများကြီးလိုချင်တယ်၊ သဝန်တိုတယ်။ ချုပ်ကိုင်ချင်တယ် ဆိုတဲ့အခါကျ တော့ ချစ်သူကလည်းခံနိုင်ရည်မရှိဘူးပေါ့။ ပြီးတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ရွှေဝါရောင်အရေးအခင်းအကြောင်းလည်းပါမယ်။ အဲဒီအခန်းမှာ ကိုယ်တိုင်က တော့ မပါဘူးပေါ့။ ကိုယ့်အဖေကလုပ်ခဲ့တယ်။ ချစ်သူကပါ နိုင်ငံရေးကို စိတ်ဝင် စားတော့ အဖေ့လိုဖြစ်မှာ စိုးရိမ်တာပေါ့။ ရွှေဝါရောင်အရေးအခင်းဖြစ်တုန်းကတော့ ညီမ ခုနစ်တန်းလောက်ရှိနေပါပြီ။ ဒီရုပ်ရှင်ဇာတ်ကားကို လည်း ပရိသတ်တွေလာပြီးကြည့်ရှု စေချင်ပါတယ်”လို့ မေမြင့်မိုရ်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here