ဝေဖန်စရာဖြစ်နေတဲ့ဘရက်ပစ်ရဲ့ ဓာတ်ပုံ တစ်ပုံ

0
332

အိန်ဂျလီနာဂျိုလီရဲ့ အရိုးပေါ် အရည်တင် ဖြစ်နေတဲ့ ၇၆ ပေါင် ခန္ဓာကိုယ်ဓာတ်ပုံထွက် ပေါ်လာပြီးနောက် တစ်ပြိုင်နက်တည်း ဆိုသလို ဩဂုတ်လ ၂၉ ရက်နေ့က လူပုံအလယ်မှာ တွေ့လိုက်ရတဲ့ ဘရက်ပစ် ရဲ့ ဓာတ်ပုံကတော့ ဆန့်ကျင်ဘက်ဖြစ်နေလို့ ပရိသတ်တွေ ဝေဖန် စရာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဘရက်ပစ် တစ်ယောက် သူ့ရဲ့ “Once Upon a Time In Hollywood” အစီအစဉ်ရိုက်ကွင်းကို ရောက်လာခဲ့တဲ့အချိန် ရိုက်ကူးထား တဲ့ ဓာတ်ပုံတွေကို မြင်တွေ့ရသူတိုင်းက…

“တအားကို နုပျိုနေတယ်” “ဆံ ပင်အရှည်နဲ့ ကြည့် ကောင်းတယ်” “အသက် တစ်ဝက်လောက် ငယ်သွားတဲ့ပုံပေါက်နေတယ်”အစရှိတဲ့ မှတ် ချက်စကားတွေ ဝိုင်းပေးကြတော့ ဘရက်ပစ်တစ်ယောက် ဝမ်းနည်းရ မလို၊ ဝမ်းသာရမလို ဖြစ်နေရတယ် လို့ သိရပါတယ်။ အမေရိကန်မင်းသားချော ဘရက်ပစ်ဟာ လက်ရှိ အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဟောင်း အိန် ဂျလီနာဂျိုလီနဲ့ လက်ထပ်ထားပြီး သားသမီး ၆ ယောက်အုပ်ထိန်းခွင့် အတွက် ဂျိုလီနဲ့ တရားရင်ဆိုင်နေဆဲ ဖြစ်ပါတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here