ကမ္ဘာကျော်ဂီတ ပညာရှင်တွေ လာ ရောက်ဖျော်ဖြေမယ့် We are connected ဂီတပွဲတော်ကြီး

0
250

ကမ္ဘာကျော် ဂီတပညာရှင် Alan Walker နှင့်Don Diablo တို့ လာရောက် ဖျော်ဖြေမယ့်We are connected ဂီတပွဲတော်ကြီးကို နယ်သာ လန်နိုင်ငံမှ ALDA Events နှင့် မြန်မာနိုင်ငံမှ H-Life Entertainment တို့ ပူးပေါင်းကာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏဘူမိ Event Park တွင် ညနေလေးနာရီမှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။

အဆိုပါပွဲနှင့်ပတ်သက်ပြီး တာ ဝန်ရှိသူတစ်ဦးက….

“Alan Walker ဆိုရင် နော်ဝေးနိုင်ငံသား။ သူ့ရဲ့ Where are you now သီချင်းနဲ့ ကမ္ဘာ တစ်ဝန်းအအောင်မြင်ဆုံးဖြစ်ခဲ့တဲ့သူတစ်ယောက်။ နောက်တစ်ယောက် Don Diablo ဟာ ဆိုရင် နယ်သာလန်နိုင်ငံသားတစ်ယောက်။Future House Style တွေကို Vocal အမိုက်စား တွေနဲ့ တီးခတ်ပြီး EDM Music လောကကို အပိုင်သိမ်းထားတဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူတို့နှစ် ယောက်အပြင် အခြားနာမည်ကြီးတွေလည်း ဖျော်ဖြေကြမှာမို့ ကျွန်တော်တို့ စီစဉ်တဲ့ ဒီပွဲလေးကို လာရောက်ကြည့်ရှုစေချင်ပါတယ်”လို့လည်း ပြောပြခဲ့ ပါတယ်။

အဆိုပါ We are connected ပွဲတွင် ဂီတပညာရှင်များဖြစ်ကြတဲ့ Alan Walker နှင့်Don Diablo တို့ နှင့်အတူ Sander Van Doorn,Cash Cash,The Him တို့အပြင် ပြည်တွင်းမှ နာမည်ကြီး ဂီတပညာရှင်များလည်း ပါဝင်ဖျော်ဖြေ သွားမှာ ဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းများမှာ ၂၅ဝဝဝ၊ ၃ဝဝဝဝ၊ ၇ဝဝဝဝ ကျပ်တို့ဖြစ်ပြီး သြဂုတ်လ ၈ ရက်နေ့မှ စတင်ကာ Balance Fitness I,II,III, Ice Cream Bar စတဲ့ Official Ticketing Outlets များမှတစ်ဆင့် ဝယ်ယူရရှိနိုင်ပါတယ်။

ခိုင်ဝါဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here