ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် သတင်းစာ ဆရာအသင်းဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် ရုံးသစ် ဖွင့်ပွဲကျင်းပ

0
226

မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်သတင်းစာဆရာအသင်း ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မြို့ နယ်အသင်း ရုံးဖွင့်ပွဲကို သြဂုတ်လ ၂၆ ရက်နေ့၊ နံနက် ၁ဝ နာရီတွင် အမှတ် ၉၂ ရပ်ကွက်၊ စစ်တောင်းရိပ် မွန်၊ ဃ ပိတောက်လမ်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ဆရာတော် သံဃာတော် ၅ ပါး အား နေ့ဆွမ်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းပြီးနောက် ၅ ပါးသီလ ခံယူတည်ဆောက်ကြပြီး ရုံး သစ်ဖွင့်ပွဲ အန္တရာယ်ကင်း ပရိတရား တော်များရွတ်ဖတ်ခဲ့ ကြသည်။

မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရုံးသစ်အား မြို့နယ်စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးဘုန်းမြင့် (ပြည်ဘုန်းမြင့်)၊ ဒဂုံ (ဆိပ်ကမ်း) မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ဝင်းမောင်၊ သတင်းစာဆရာအသင်းမြို့နယ် ဥက္ကဋ္ဌ ဒေါက်တာရဲလင်းအောင်၊ ဂီတအစည်းအရုံးမြို့နယ်ဥက္ကဋ္ဌ ဦးလှိုင်မင်းအောင် (ပြည်လှိုင်မင်းအောင်)တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ဒဂုံတက္ကသိုလ်တင်ဝင်း


LEAVE A REPLY

Please enter your comment!
Please enter your name here