ဖိုးချစ်နဲ့ စိတ်ဆိုး စကားများတာမျိုးတွေ တစ်ခါမှ မရှိခဲ့ဘူးဟန်ဇာမိုးဝင်း

0
242

ဖိုးချစ်နဲ့ဟန်ဇာမိုးဝင်းတို့ သူငယ်ချင်းနှစ်ယောက်ဟာ ဇာတ် မင်းသားစဖြစ်ကတည်းက အတူတွဲဖြစ်လာတဲ့ လုပ်ဖော်ကိုင်ဖက် သူငယ် ချင်းတွေလည်း ဖြစ်ကြပါတယ်။ သူ တို့နှစ်ဦးဟာ ကိုယ်စီဇာတ်အဖွဲ့ကို ဦးစီးရင်း ဇာတ်သဘင်လောက တိုးတက်ဖို့အတွက်ကိုလည်း ဆောင်ရွက် ခဲ့ကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြားမှာ လူငယ်သဘာဝ ရန်ဖြစ်စကားများတာ မျိုးတွေလည်းမရှိခဲ့သလို အဖုအထစ်တွေဆိုတာမျိုးလည်း မရှိခဲ့ဘူးလို့ သိရပါတယ်။

“စိတ်ထဲမှာမတင်မကျ ဖြစ်နေရင်တောင် ဖုန်းနဲ့လှမ်း ပြောကြတယ်။ သူငယ်ချင်းရေ ဒါကဘယ်လို ဘယ်လိုဆိုပြီးပဲ ဖုန်းနဲ့ပြော ဖြစ်ကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံလည်းယုံတယ်။ ပေါင်းလာ တာကလည်း နှစ်ပေါင်းမနည်းတော့ဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်က သေသေချာချာ ထဲထဲဝင်ဝင်လည်း ပေါင်းသင်းဖြစ်တယ်။ ကျွန်တော် တို့ကြားမှာ သိပ်ခက်ခဲပြီး တမင်လုပ်ယူရတာမျိုးတွေ မရှိဘူး။ တစ်ခါတလေ သူမအားလို့ ကိုယ့်ကို မနှုတ်ဆက်လိုက်နိုင်တဲ့အခါ သူ့ကို ကျွန်တော် စိတ်ဆိုး ခြင်းမရှိဘူး။ အဲဒီမှာ သူက ငါ့ကိုတွေ့တာတောင် မနှုတ်ဆက်ဘူးဆိုပြီး မရှိဘူး။ ကျွန်တော်လည်း ဖုန်းပြောနေတဲ့အခါ သူလည်းသူဘာသာ သူထွက်သွားတာပဲ။ ဒါ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်နားလည်ကြတယ်” လို့ သူငယ်ချင်း ဖြစ်သူ ဖိုးချစ်နဲ့ ပတ်သက်ပြီး ဟန်ဇာမိုးဝင်းကပြောပြပါတယ်။

သူတို့နှစ်ယောက်ကို အပြင် လူတွေရဲ့ အမြင်ကတော့ တစ်ယောက်နဲ့တစ်ယောက်မတည့်ကြဘူး၊ အမြဲပြိုင်ဆိုင်နေကြ တယ်လို့ မြင်နေကြပါတယ်။ ဒီအပေါ်ကိုတော့ ဟန်ဇာမိုးဝင်းက –

“ကျွန်တော်တို့နှစ်ယောက်က မတည့်ဘူးဆိုပြီးပဲ အမြဲတမ်းအပြောခံရတယ်။ အလုပ်ကတော့ နှစ်ယောက်စလုံး ကြိုးစားကြတယ်။ စင်ပေါ်မှာတော့ အပြိုင်အဆိုင်ကြိုးစားကြတာပဲလေ။ အပြင်မှာတော့ ဘာမှမပြိုင်ဆိုင်ဘူး။ သူ့ကား ကျွန်တော်လိုက်စီးရင် စီးသလို ကျွန်တော့်ကားသူလိုက်စီး ရင်စီးတာပဲ။ အခုဆိုရင် ကျွန်တော်က တစ်ခုခုဆိုရင် သူ့ကိုကျွန်တော် တိုင်ပင်တယ်။ သူ့အကြောင်းလည်း ကျွန်တော်သိသလို ကျွန်တော့်အကြောင်းလည်း သူအကုန်သိတယ်။
သိုဝှက်ပြီးတော့မထားကြဘူး” လို့ ပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here