Miss Earth 2018ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မယ့်အလှမယ်ချောရူပါသက်

0
138

Miss Earth Myanmar 2018 သရဖူကို ဆွစ်ဇာလန်နိုင်ငံမှာ Master Of Hotel & Tourism Management ကို သင်ကြားနေတဲ့ အသက် ၂၄ နှစ်အရွယ် ချောရူပါ သက်က ဆွတ်ခူးသွားခဲ့ပါတယ်။

အလှမယ် ချောရူပါသက်က မြန်မာ နိုင်ငံ ကိုယ်စားပြု အနေနဲ့ နယူးဒေလီ Miss Heritage International 2015 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် ခဲ့ဖူးပြီး 2nd runner up ဆုကိုလည်း ရရှိခဲ့ပါတယ်။

အောက်တိုဘာလထဲမှာဖိလစ်ပိုင်နိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြုပြီးထပ်မံယှဉ်ပြိုင်သွားမှာဖြစ်တာကြောင့် အကောင်းဆုံး ကြိုးစား သွားမယ်လို့ ဆိုတဲ့ ချောရူပါသက်က …

“Miss Earth Myanmar 2018 အလှမယ်တစ်ယောက်အနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်သွားရမှာပါ။ ညီမလေ့လာထား သလောက် ညီမတို့နိုင်ငံမှာသစ်တောတွေ ပြုန်းတီးနေတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဆိုရင် ၄၂.၉၂ ရာခိုင်နှုန်းက သစ်တောတွေရှိတယ်။ ဒါပေမဲ့ နှစ်စဉ်ပြန်ကြည့်လိုက် တဲ့အချိန်မှာ ၂ဝ၁၂ နဲ့ ၂ဝ၁၅ မှာ FRA ရဲ့ result အရဆိုရင် ၁.၈ ရာခိုင်နှုန်း နှစ်စဉ်သစ်တောတွေ ဆုံးရှုံးနေတယ်။ နောက်နှစ် ၄ဝ ဆိုရင်ညီမတို့ နိုင်ငံမှာသစ်တောတွေ ရှိမှာမဟုတ်တော့ဘူး။ အဲဒါကြောင့် REDD + ပရိုဂရမ် ကိုရဖို့အတွက် အစိုးရကရော အားလုံး ကြိုးစားနေ ကြတယ်။ ဒီပရိုဂရမ်က ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေက ညီမတို့ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေကို ပိုက်ဆံတွေ မီလီယံပေါင်းများစွာထောက်ပံ့ပေးမယ်။ညီမတို့ရဲ့ target က ၂ဝ၃ဝ ခုနှစ်မှာ ၃ဝ ရာခိုင်နှုန်း ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချပေးနိုင်ခဲ့ရင် သူတို့ကမ်းလှမ်းတဲ့ မီလီယံ ပေါင်း များစွာကို ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့်ရဲ့ ရည်မှန်းချက်က ပြည်သူလူထုနဲ့ ပူးပေါင်း ပြီးတော့ ၂ဝ၃ဝ ပြည့်နှစ်မှာ ၃ဝ ရာခိုင်နှုန်းသော ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို လျှော့ချဖို့ အတွက် ကမ်ပိန်း တွေ၊ ပရောဂျက်တွေပြုလုပ်သွားမှာပါ” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here