မြန်မာနိုင်ငံဆိုင်းဂီတအသင်း(ဗဟို)၏ နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးကျင်းပ

0
110

မြန်မာနိုင်ငံ ဆိုင်းဂီတ အသင်း (ဗဟို) ရဲ့ နှစ်ပတ်လည်သင်းလုံး ကျွတ်အစည်းအဝေး အခမ်းအနားကို သြဂုတ် ၂၈ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့၊ မြို့တော်ခန်းမ (၁) မှာ ကျင်းပခဲ့ရာ တိုင်းဒေသကြီးနဲ့ ပြည် နယ်များမှ မြို့နယ်အလိုက် ဆိုင်းဂီတ အသင်းများမှ ဥက္ကဋ္ဌများနှင့် အတွင်း ရေးမှူးများ တက်ရောက်ခဲ့ကြပါတယ်။

“တိုင်းနှင့်ပြည်နယ်မှာရှိတဲ့ ဆိုင်းဂီတပညာရှင်များရဲ့ ဆန္ဒအရ မြန်မာနိုင်ငံဆိုင်းဂီတအသင်း(ဗဟို) ကို ၂ဝ၁၇ ခုနှစ် ဇွန်လ ၂၂ ရက်မှာ မန္တလေးမြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ကျွန် တော်တို့ ဆိုင်းဆရာများဟာ လူအ ရင်းပြုပြီး အတီးပညာ၊ အဆို ပညာ များကို သင်ယူခဲ့ရပါတယ်။ ကျွန် တော့်အနေနဲ့ ဆိုင်းဂီတနဲ့ ပတ်သက် လို့ အသက်မွေးဝမ်းကျောင်းပြုတဲ့ ဆိုင်းဂီတပညာရှင်တွေကို အချက် ၃ ချက် မှာကြားလိုပါတယ်။ (၁) ဂီတ ပညာရှင်ဆိုတာ ဘယ်လိုတူရိယာမျိုး ပဲဖြစ်ဖြစ် အမုန်းထားစရာမလိုပါဘူး၊ (၂) မိမိသည်မြန်မာ့ဆိုင်းဂီတပညာရှင်အဖြစ် ခံယူတဲ့အခါမှာ သင်ယူရ မယ့် အခြေခံ ဂီတပညာ သီချင်းတွေ ကိုလည်း တတ်မြောက်အောင် သင် ယူကြပါ။ (၃) ဂီပညာကို နားထောင် ခံစားတဲ့ ပရိသတ်အတွက် ဆန်းသစ် တီထွင်ဖန်တီးပြီး တီးမှုတ်နိုင်တဲ့ ဂီတ အနုပညာရှင်သမားကောင်းတစ် ယောက်ဖြစ်အောင် ကြိုးစားကြရပါ မယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံ ဆိုင်းဂီတအသင်းသားများကို တင်ပြ ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်းဂီတအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်တင့်လွင် က ပြောကြားပါတယ်။

“ကျွန်တော်တို့ အသင်းဖွဲ့စည်း တည်ထောင်တာ တစ်နှစ်တာ ကာလ အတွင်းမှာ တိုင်းနှင့်ပြည်နယ်များမှ အသင်းဝင် တစ်သောင်း ကျော်ရှိပါ ပြီ။ ဆိုင်းအဖွဲ့ပေါင်း ၅ဝဝ ကျော်ရှိ ပါတယ်။ ဆိုင်းအပြင် တီးဝိုင်းအဖွဲ့ တွေလည်း ပါတယ်။ ထပ်ပြီး တိုးဖို့ လည်း ရှိပါတယ်။ အသင်းဖွဲ့စည်း တည်ထောင်ခွင့်ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တင်ထားပြီးဖြစ် ပါတယ်။ အသင်းဖွဲ့စည်းတည်ထောင် ခွင့်ကျပြီးတာနဲ့ ညီလာခံ ရွေးကောက် ပွဲကို ဆက်လက်လုပ်ဆောင်သွားမှာ ပါ။ ကျွန်တော်တို့သည် နိုင်ငံရေးလုပ် တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး လူမှု ရေးလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒါကြောင့် သက်ဆိုင်ရာဝန်ကြီး ဌာနကို အသင်းဖွဲ့စည်းတည်ထောင် ခွင့် အမြန်ဆုံးချပေးဖို့ တောင်းဆိုချင် ပါတယ်”ဟု မြန်မာနိုင်ငံ ဆိုင်းဂီတ အသင်း(ဗဟို)၏ အတွင်းရေးမှူး (၁) ဦးဇော်သူဟိန်းက ပြောပါတယ်။

အခမ်းအနားတွင် အသင်း ဥက္ကဋ္ဌ ဦးစိန်တင့်လွင်က အဖွင့်အမှာ စကားပြောကြားပြီး အတွင်းရေးမှူး (၁) ဦးဇော်သူဟိန်းက အသင်း၏ရည် ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ စည်းမျဉ်းများကို ဖတ်ကြားတင်ပြပါတယ်။ အဲဒီနောက် အသင်း၏ ပြန်ကြားရေးတာဝန်ခံ ချင်းတွင်းဦးစနေက အသင်း၏ တစ် နှစ်တာအတွင်း လုပ်ဆောင်ချက်များ ကို ရှင်းလင်းတင်ပြကာ အတွင်းရေး မှူး (၂) ဦးစိုင်းÓဏ်လွင်က ဘဏ္ဍာ ရေးရှင်းတမ်းကို ဖတ်ကြားတင်ပြ ပြီးနောက် မြို့နယ်အလိုက် ကိုယ်စား လှယ်များ၏ ဆွေးနွေးမှုများကို တာ ဝန်ရှိသူများက ဖြေကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here