နေတိုးနဲ့ အမှတ်တရတွေဖြစ်ခဲ့တဲ့ဇာတ်ကားအကြောင်း ပိုင်ဖြိုးသုပြောပြ

0
415

စာရေးဆရာမကြီးကြည်အေးရဲ့ဝတ္တုကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ဏကြီးရိုက်ကူးပြီး နေတိုး၊ ပိုင်ဖြိုးသု၊ ရဲအောင်၊ မင်းဦး၊ သားညီ၊ အောင်ရဲ ထိုက်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘မီ’ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံမတင်ရသေးပေမယ့်လည်း ပရိသတ်အများအပြားစိတ်ဝင်စားအားပေးနေတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ‘မီ’ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ် အားပေးမှုတွေရနေတဲ့ အပေါ် ဝမ်းသာမှုဖြစ်တယ်လို့ ပိုင်ဖြိုးသုကပြောပါ တယ်။

‘မီ’ရုပ်ရှင်ဇာတ် ကားကြီးရိုက်ကူးနေချိန်မှာလည်း အမှတ်တရတွေ အများကြီးရှိခဲ့တယ်ဆိုတဲ့ ပိုင်ဖြိုးသုက…

“မီ ဇာတ်ကားနဲ့ပတ်သက်ပြီး အမှတ်တရတွေကတော့ အများကြီးပါပဲ။ တစ်ဖွဲ့လုံး ခက်ခက်ခဲခဲရိုက်ခဲ့ကြ တယ်။ မိုး လင်းပေါက်ရိုက်ခဲ့တဲ့ညတွေလည်းအများကြီးပဲ။ ပြီးတော့ သုနဲ့ ကိုနေတိုးနဲ့ဆို မှတ်မှတ်ရရ ပြင်ဦးလွင်မှာက ကိုလိုနီအဆောက်အအုံတွေက ပိုများ တော့ ရန်ကုန်နဲ့ ပြင်ဦးလွင်လှည့်ပြီး ရိုက်ရတာလေးရှိတယ်။ အဲဒီ ပြင် ဦးလွင်မှာ သုတို့သွားရိုက်တဲ့အချိန် ၁၁၊ ၁၂ံC လောက်ပဲရှိတယ်။ တအားအေးတယ်။ အဲဒီအချိန်မှာ တစ်ဖွဲ့လုံးက အဲဒီလို လက်အိတ်ကြီး တွေစွပ်ပြီး ရိုက်နေကြတဲ့အချိန်မှာ အင်းစိန်လိုနေရာမှာပေါ့။ သုဆိုရင် အဲဒီခေတ်က မှန်ဇာအင်္ကျီမျိုးလေးပါးပါးလေးနဲ့ ကိုနေတိုးဆိုလည်း အိမ် နေရင်းအင်္ကျီချည်သား အင်္ကျီပါးပါးလေးနဲ့ နှစ်ယောက်သား မအေးချင်ယောင်တွေဆောင်ပြီးရိုက်ကြတယ်။ တကယ့်ဒရာမာအကြီးကြီးတွေ ရိုက်နေတဲ့အချိန်မှာ အေးတဲ့စိတ်လည်း မပေါက်တော့ဘူး။ ဒါပေမဲ့ အဲဒီလိုတစ်ခန်းပြီးတဲ့အချိန်ဆို အေးတာမှတအားပဲ။ ချမ်းတာမှ စကား ပြော လို့တောင်မရဘူး။ အသားတွေတဆတ်ဆတ်တုန်နေတာ။ ပြီးတော့ အဲဒီလောက်အေးပါတယ်ဆိုနေမှ ကိုဏကြီးက သူနဲ့ ကိုနေတိုးကို မိုးရေ ထဲတွေထွက်ပြီး ရိုက်ခိုင်းတယ်။ မိုးတွေကလည်း တကယ်ရွာနေတာ အဲဒီ နေ့က တအားအေးတယ်။ အဲဒီလိုအမှတ်တရတွေတော့ အများကြီးပဲ”လို့ ပြောပါတယ်။

လတ်တလောမှာတော့ ပိုင် ဖြိုးသုက ဒါရိုက်တာသိန်းဟန်(ဖီး နစ်)ရိုက်ကူးတဲ့ “အချစ်ကြောင့် ဖြစ်တဲ့စစ်”ဇာတ်ကားမှာ ကိုနေ တိုးတို့နဲ့အတူ ပါဝင် သရုပ်ဆောင်ရိုက်ကူးနေပါ တယ်။

သဲစုလှိုင်

ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here