ဖားမြို့တော်

0
143

ဖားမြို့​တော်​ဟာ
ဖားယဉ်​​ကျေးမှု အရ
မင်္ဂလာပါ ဖား ချစ်​သူ လို့
တွေ့​တွေ့ချင်း နှုတ်​ခွန်းဆက်​သတယ်​။

ဖားမြို့​တော်​ထဲ ဝင်​ဝင်​ချင်း
ကြီးကြီးကျယ်​ကျယ်
ဖားလမ်းမကြီးကို​ တွေ့တယ်
ခမ်းခမ်းနားနား
ဖားအ​ဆောက်​အအုံကြီးကို​ တွေ့တယ်
ဝေ​ဝေဆာဆာ ဖားသစ်​ပင်​ကြီးကို​ တွေ့တယ်
သိုက်​သိုက်​ဝန်းဝန်း
ဖားအသိုင်းအဝိုင်းကြီးကို​ တွေ့တယ်
တွေ့​တွေ့သမျှ ဖား​တွေပါပဲ။

ဖားလမ်းမကြီးဟာ
‘ဖား…ဖား….ဖား…’လို့
အသံထွက်​​နေတဲ့
ဖား​မော်​​တော်​ကား​တွေနဲ့
စည်​ကား​နေ​လေရဲ့။

ဖားအ​ဆောက်​အအုံကြီးဟာ
ဖားအမိုးအကာ၊
ဖားအခင်း​အကျင်း​တွေနဲ့
ဖားအလှအပ​တွေ ​မော်​ကြွား​နေ​လေရဲ့။

ဖားသစ်​ပင်​ကြီးဟာ
ဖားအကိုင်းအခက်​၊
ဖားအသီးအရွက်​တို့နဲ့
ဖားဖားကြီး ကြီးထွား​နေ​လေရဲ့။

ဖားအသိုင်းအဝိုင်းကြီးဟာ
ဖားမျိုးဆက်​ အ​မြောက်​အမြားနဲ့
ဖားဂုဏ်​သိက္ခာကို ​ဖော်​ကျူး​နေ​လေရဲ့။

အဲ့ဒီလိုနဲ့
ဖားမြို့​တော်​ဟာ
ဖား​ပေါင်းစုံလင်​စွာနဲ့
စည်​ပင်​ဖွံ့ ဖြိုးနေ​လေရဲ့။

ဖားမြို့​တော်​ထဲ
ဖားအ​​ကြောင်း​လေ့လာရတာ ​ဖား​စော်​ နံလွန်းပါတယ်​။

ဥာဏ်​ကျော်


LEAVE A REPLY

Please enter your comment!
Please enter your name here