သက်ကြီး လူရွှင်တော်ကြီးများကူညီထောက်ပံ့ရေး ရန်ပုံငွေဘောလုံးပွဲမှာပါဝင်ကစားမယ့် ဖြူဖြူထွေး

0
94

ကျောင်းကပွဲမှာကခဲ့တဲ့အက Movie လေးကနေတစ်ဆင့် ပရိ သတ်တွေ ကြားထဲ ပျံ့နှံ့လာခဲ့သူတော့ဖြူဖြူထွေးပါ။ သူကနောက်ပိုင်းမှာလည်း ဟာသ ဗီဒီယိုလေးတွေတင်ပြီး သူ့ ရဲ့အနုပညာဗီဇကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြသခဲ့ ပါတယ်။ အခုဆိုရင်တော့သူက ကြော်ငြာတွေတောင် ရိုက်ကူး နေတာ တော်တော် များများပါပြီ။ TV ဖန်သားပြင်ပေါ်မှာသူ့ရဲ့ပုံရိပ်တွေ တစ်စတစ်စနဲ့ မြင်တွေ့ လာရတဲ့ အတွက် သူ့ရဲ့ပရိသတ်တွေဆိုတာလည်းများပြားလာပါပြီ။ အဲဒီအတွက်ဆယ်လီဖြစ်လာတော့စိတ်ကျဉ်းကျပ်တာမျိုးတွေရှိလား လို့မေး တော့…

“အဲဒီလိုတော့လည်း မရှိပါဘူး။ ပုံမှန်အနေအထားလောက်ပါပဲ။လွတ် လွတ်လပ်လပ်ပါပဲ။ အရင်တုန်းက တော့ တောသူကမဖြစ်စဖူးဖြစ်တော့ ကိုယ့်ကိုယ်ကိုယ်တော့ လန့်မိတာ ပေါ့လေ။ ဒါပေမဲ့လည်း နောက်ပိုင်းကျတော့ အသားကျသွားတော့ ကိုယ်သွားတာလာတာလေးတွေမှာ ကြည့်နေကြတာ လေးတွေတွေ့ရင် ကျေနပ်ပါတယ်။ တအားပျော် တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဒီလို ဖြစ်လာမယ်လို့ မထင်ထားခဲ့ဘူး။ အိမ်ကလည်းဖြစ်လာမယ်လို့လည်း မထင်ထားပါဘူး”လို့ ဖြူဖြူထွေးက ပြောပြပါတယ်။ သူက ကျောင်းပညာ ရေးအနေနဲ့ကတော့ Botany မေဂျာနဲ့ ဒဂုံတက္ကသိုလ်မှာ တက်ရောက်သင် ကြားနေပါတယ်။ သူချစ်တဲ့ အနုပညာကို လုပ်နေပေမယ့်လည်း ပညာ ရေးပိုင်းကိုလည်း သူဟာ တစ်နှစ် တစ်တန်းအောင်မြင်အောင် လုပ်ဆောင်နိုင် ခဲ့ပါတယ်။

“စာမေးပွဲမအောင်ခဲ့ရင် ရွာပြန်ပြီးတော့ ဆိတ်ကျောင်းရင်ကျောင်း၊ မကျောင်းရင် နွားကျောင်း ဘဝနဲ့ နေရမှာပေါ့နော်။ စာမေးပွဲ တစ်နှစ်တစ်တန်း အောင်ခဲ့တော့ ရွာမပြန်ရတာရယ်၊ ရွာမပြန်ဘဲနဲ့ ရန်ကုန်မှာ ကျောင်းတက် ဖြစ်ပြီးတော့ အခုလိုမျိုးဖြစ်သွားတာပေါ့နော်။ စာမေးပွဲကလည်း တစ်နှစ် တစ်တန်းအောင်မြင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ့် ကိုယ်ကိုယ်ဂုဏ်ယူရမှာ ကတော့ စာမေးပွဲအောင်တာလေးပါပဲ။ စာမေးပွဲ အောင်တော့ ရွာမပြန်ရ တာရယ် ရွာမပြန်ဘဲနဲ့ ရန်ကုန်မှာ ကျောင်းတက် ဖြစ်ပြီးတော့ ကျောင်းကပွဲ လေးကနေ အခုလို ဖြစ်သွားတာ ပေါ့နော်။ အဲဒီ အတွက်လည်း တအားဝမ်းသာပါတယ်”လို့ ပညာရေး ပိုင်းနဲ့ပတ်သက်လို့ ဖြူဖြူထွေးက ပြောပါတယ်။ ဖြူ ဖြူထွေးက ရုပ်ရှင် ကားကြီးတွေလည်း လက်ခံလို့ နေပါပြီ။ ရိုက်ကူးမှုတွေကို တော့ ကျောင်းပြီးမှပဲ ရိုက်ကူးဖြစ်တော့မှာဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင် မှုတွေကို မကြာ ခင်မှာ ကြည့်ရတော့ မှာပါလို့ ပြောပါ တယ်။

သူကမင်းသားတွေထဲမှာ ကျော်ရဲ အောင်၊ ပြေတီဦး၊ မြင့်မြတ်တို့နဲ့ ရိုက်ကူးချင်ပါတယ်လို့ ပြောပါ တယ်။ ဖြူဖြူထွေးက သူ့ကို အားပေးနေတဲ့သူတွေကို ရော သူ့ကို ဝေဖန်ပေးကြ တဲ့သူ ကို ရောကျေးဇူး တင် ပါ ကြောင်းလည်း ပြောခဲ့ ပါသေးတယ်။ ဒါ့အပြင် သူက စက်တင်ဘာ ၁၅ ရက် နေ့မှာ ပြုလုပ်မယ့် သက်ကြီး လူရွှင်တော်တွေကို ပူဇော် ကန်တော့ နိုင်ဖို့ ရည်ရွယ် ပြုလုပ်တဲ့ ရန်ပုံငွေ ဘော လုံးပွဲမှာလည်း ပါဝင် ကစားသွားမှာဖြစ်ပါ တယ်။

သတင်း

ဓာတ်ပုံ-လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here