သူ့ရဲ့ ခံစားချက် အယူအဆ တစ်ခုကိုပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်တဲ့ Lauren Jauregui

0
65

လူငယ်တွေကြားမှာ အောင် မြင်နေတဲ့ အမေရိကန် Girl Band တစ်ခုဖြစ်တဲ့ Fifth Harmony အဖွဲ့ရဲ့အမာခံ အဆိုတော် Lauren Jauregui တစ်ယောက်သူ့ကိုယ်သူ ပြန်ဝေဖန် ဆန်းစစ်မှုတွေ ပြုလုပ်နေတယ်လို့ ပြောဆိုလိုက်ပါ တယ်။လတ်တလော ရက်ပိုင်းမှာတော့အမေရိကန်ဖက်ရှင် မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ Nylon နဲ့  အင်တာ ဗျူးတစ်ခုပြုလုပ်ခဲ့ပါ တယ်။ အဲဒီအင်တာဗျူးမှာဖြေခဲ့တဲ့ အဖြေတွေကတော်တော် ဂယက်ထနေတယ်လို့ ဆို နေကြပါတယ်။

အဆိုပါ ဂယက်က လွန်ခဲ့တဲ့ ၂ဝ၁၆ ခုနှစ်က သတင်းကြီးခဲ့တဲ့ Lauren Jauregui ဟာလိင်စုံဆက်ဆံမှုကို နှစ်သက်လက်ခံနေတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ ကိစ္စအငြင်းပွားဖွယ် ဖြစ်ခဲ့ပြီးတဲ့နောက် ထပ်မံထွက်ပေါ်လာတဲ့ ဂယက်တစ်ခုလို့လည်း ပြောဆိုနေ ကြပါတယ်။

သူ့ရဲ့ပြောစကားတွေကတော့ “ကျွန်မတို့  အားလုံးက လူသားတွေမို့ အားလုံးအတူတူပဲ။ ဒါကြောင့်လူလူချင်း တစ်ယောက်ကို တစ်ယောက် နှစ်သက်စွဲလမ်းလို့ ရတယ်လေ။ ကိုယ်နှစ်သက်တဲ့ လူနဲ့ကိုယ့်ဘာသာကိုယ် ကိုယ်ကာယနှီးနှော လို့ရတယ်” ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တယ်လို့ သိရပါ တယ်။

တကယ်တမ်းလည်း သူ့ရဲ့ခံယူ မှုတွေက သူ့သီချင်းတွေမှာ ပြန်ပြီးထင်ဟပ်နေတာတွေ့ရတယ်လို့ ပြောဆိုကြပါတယ်။ ဒီလို ဝေဖန်မှုတွေကိုလည်း Lauren Jauregui က ဘာမှပြန်ပြီး ခွန်း တုံ့ပြန်တာမျိုးလုပ် တာ မရှိဘူး။ အေးအေးဆေးဆေးပဲ လို့ သိရပါတယ်။

Ref:Enews


LEAVE A REPLY

Please enter your comment!
Please enter your name here