တောင်ငူရေဘေး အတွက် တစ်တပ် တစ်အား ပါဝင်လှူဒါန်း နေတဲ့တင်မောင်ဆန်း မင်းဝင်းမိသားစု

0
210

တောင်​ငူမြို့​ရေ​ဘေးသင့်​ပြည်​သူများအား​ ရွှေမန်း သဘင်​ တင်​​မောင်​ဆန်းမင်းဝင်း​မိသားစုက ဆန်​၊​ ခေါက်​ဆွဲ​ခြောက်​ထုပ်​၊ သွားတိုက်​​ဆေးများကို ကိုယ်တိုင်ကိုယ် ကျ သွား​ရောက်​​လှူဒါန်းခဲ့ကြပါတယ်။ ဒါ့အပြင် တင်မောင်ဆန်းမင်းဝင်းရဲ့ သား မင်းရွှေရောင်တင်(ခ)ပူတူးကလည်း သူ့အနေနဲ့ ဇာတ်ကရင်း ရရှိလာတဲ့ ဆု ငွေများကို တောင်ငူရေ ဘေးကယ်ဆယ်ရေးကို သွား ရောက်လှူဒါန်းခဲ့ပါသေးတယ်။ တင်မောင်ဆန်းမင်းဝင်း တို့ မိသားစုက အလှူအတန်းနဲ့ပတ်သက်ရင် လက်မနှေး တဲ့ မိသားစုလို့ပဲ ပြောရမှာပါ။

ဘုရား ထီးတင်ခြင်း၊ ဇာတ်အဖွဲ့သားများကို ရှင်ပြု ရဟန်းခံအလှူပေးခြင်း တွေကိုလည်း အမြဲမပြတ်လုပ်ဆောင်နေတဲ့ မိသားစု လည်း ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပရိသတ်တွေဆီက ရရှိတဲ့ အနုပညာကြေးတွေကိုစုပြီး ပြန်လည်လှူဒါန်း ပေးခြင်းဖြင့် ပရိသတ်တွေကို ပြန်လည်ကျေးဇူးဆပ် တဲ့သဘောပဲလို့ပဲ ဆိုရမှာပါ။ မင်းရွှေရောင်တင်ဟာဆိုရင် လည်း မွေးနေ့တိုင်းမှာ ကိုရင်ဝတ်လေ့ရှိပြီး ငယ်စဉ် ကတည်းက ဘာသာရေးနဲ့ ပတ်သက်လို့ အမြဲ နီးစပ်ခဲ့သူပါ။

တင်မောင်ဆန်းမင်းဝင်းနဲ့ မအေးမမလှိုင်တို့ ဇနီးမောင်နှံ နှစ်ယောက်ကလည်း သားဖြစ်သူကို ဘာသာရေးနဲ့အမြဲထိတွေ့ပေးလေ့ရှိပြီး အလှူအတန်းတွေနဲ့ ပတ်သက်လို့ လည်း သားဖြစ်သူကို ဝါသနာထုံစေခဲ့ပါတယ်။ အခု လက်ရှိမှာတော့ တင်မောင်ဆန်းမင်းဝင်းတို့ ရွှေမန်း သဘင်က ရန်ကုန်မြို့၊ မျှော်စင်ကျွန်းက ရွှေဇာတ် ရုံမှာ ကပြလျက်ရှိပါတယ်။

တင်မောင်ဆန်းမင်းဝင်းရဲ့ မွေးနေ့ကတော့ စက်တင် ဘာ ၉ ရက်နေ့ဖြစ်ပါတယ်။ မွေးနေ့အကြို ဖျော်ဖြေပွဲကို တော့ စက်တင်ဘာ ၈ ရက်နေ့ မျှော်စင်ကျွန်း ရွှေဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here