ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ ပတ်သက်ပြီး မေခလာ ဘယ်လိုမြင်သလဲ

0
425

လက်ရှိခေတ်ကာလမှာ သီချင်းဆိုပြိုင်ပွဲတွေ ခေတ်စားလာတာကတော့ မြန်မာနိုင်ငံဂီတလောကရဲ့ ပြောင်းလဲတိုးတက်မှုတစ်ခုပါပဲ။ သီချင်းဆိုပြိုင်ပွဲတွေကနေတစ်ဆင့် ဂီတလောကထဲကိုရောက်ရှိလာတဲ့ အဆိုတော်တွေကလည်း အများအပြားရှိနေပြီဖြစ်ပါတယ်။ ဝါရင့်အဆိုတော် တစ်ဦးဖြစ်တဲ့ မေခလာက ခေတ်စားလာတဲ့ သီချင်းဆိုပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“သီချင်းဆိုပြိုင်ပွဲတွေ ပေါ်လာတာ ကောင်းပါတယ်။ ပြိုင်ပွဲတွေကနေ ထွက်ပေါ်လာတဲ့ Winner တွေက ရသင့်ရထိုက်တဲ့ Winner တွေဖြစ်တဲ့အတွက် ကလေးတွေအတွက် ဂုဏ်ယူပါတယ်။ အဲဒါကြောင့် ပြိုင်ပွဲတွေပေါ်လာကတော့ ကောင်းတယ်။ အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ချစ်ငယ်တို့ အနုပညာလော ကမှာ Star တွေက အများကြီးပဲ။ ကောင်းကင်မှာလည်း Star တွေကအများ ကြီးပဲ။ ကောင်း ကင်ပေါ်မှာလည်း ကြယ်တွေမရှိရင် မလှဘူးလေ။ ဒီလိုပါပဲ။ အနုပညာ လောကမှာလည်း Star တွေ အများ ကြီးရှိရင် ပိုလှတာပေါ့။ Star တစ်ခုပေါ်လာတိုင်း အရင် Star တွေက ပျောက်ကွယ်သွားတာမဟုတ်ဘူး။ သူ့နေရာနဲ့သူရှိပြီးသား။ အဲဒါကြောင့် ချစ်ငယ်ကဘယ်တော့မဆို အနုပညာ မျိုးဆက်သစ်တွေကိုကြိုဆိုတာ။ ဒါပေမဲ့ တစ်ခုတော့ရှိတာပေါ့နော်။ တစ် ယောက်နဲ့တစ်ယောက် ဆိုးတူကောင်းဖက်တိုင်တိုင်ပင်ပင် လေးလေးစားစားနဲ့ သွားကြရင်တော့ကောင်းတာပေါ့။ အကြီးကလည်း အငယ်တွေကို လက်တွဲခေါ်၊ အငယ်တွေကလည်း လေ့လာသင်ယူ၊ ဆည်းပူး၊ ရိုသေလေးစားမယ်ဆိုရင်တော့ အင်မတန်ကောင်းတဲ့ အနုပညာပန်းခင်းကြီးပေါ့”လို့ ပြောပါတယ်။

ဂီတလောကပြောင်းလဲတိုးတက်လာမှုတွေနဲ့ပတ်သက်ပြီးလည်း မေခလာ ကို ဆက်လက်မေးမြန်းကြည့်တော့ …

“အရင် ချစ်ငယ်တို့ခေတ်တုန်းက အနုပညာအရ တိုးတက်မှုလည်းမရှိပါ ဘူး။ စက်ပစ္စည်းတွေအရလည်း အားနည်းပါတယ်။ ချစ်ငယ်တို့ ခေတ်တုန်းက တော့ စက်ပိုင်းဆိုင်ရာတွေရော၊ လေ့လာမှုတွေရော ဘာမှမရှိဘူး။ နားထောင် ရတာပဲရှိတယ်ဆိုတော့ အခုခေတ်လိုပြိုင်ပွဲတွေလည်းမရှိဘူး။ ကာရာအိုကေ တွေလည်းမရှိဘူး။ နည်းနည်းတော့ တိုးရတာခက်ခဲတယ်။ သို့သော်လည်း အဲဒီ ခေတ်တုန်းက အဆိုတော်တွေမများဘူးလို့တော့ထင်တာပဲ။ အခုခေတ်က တော့ အဆိုတော်တွေများလာတယ်။ အသံကောင်းတဲ့ အဆိုတော်တွေလည်း များလာတယ်။ အခုခေတ်ကွှု ခေတ်ဆိုတော့ စက်ပိုင်းဆိုင်ရာတွေ တအားကို တိုးတက်သွားပြီ။ အောင်မြင်မှုလည်းချက်ချင်းရတယ်။နောက်ပြီး ချက်ချင်း လည်း ပျောက်လွယ်တယ်။ အဲဒီလိုလေးတွေရှိတယ်ပေါ့နော်။ ပျောက်လွယ် တယ်ဆိုတာကလည်း အကြောင်းအမျိုးမျိုး ကြောင့်ပါ။ ရေရှည်ရပ်တည်နေတဲ့ အဆိုတော်တွေလည်း အများကြီး ရှိပါတယ်”လို့ မေခလာက ပြောပြခဲ့ပါတယ်။

သတင်း

၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here