စိုးမြတ်နန္ဒာက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသူ ရုံးချိန်း မလာရောက်သည့်အတွက် ရက်ချိန်း ပြန်လည်ချိန်းဆို

0
264

သရုပ်ဆောင် စိုးမြတ်နန္ဒာက အသရေဖျက်မှု ရာဇဝတ်ဆိုင်ရာ ပုဒ်မ ၅ဝဝ နဲ့ တရားစွဲဆိုထားတဲ့Striking Thunder Entertainment မှ ဦးကျော်ကျော်ထွန်းက စက်တင် ဘာ ၇ ရက်နေ့တွင် မရမ်းကုန်းတရား ရုံးသို့ လာရောက်ဖြေရှင်းရမည်ဖြစ် သော်လည်း ဦးကျော်ကျော်ထွန်းမှာ မလာရောက်ခဲ့တဲ့အတွက် စက်တင် ဘာ ၂၁ ရက်နေ့ကို ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ပါတယ်။ စိုးမြတ်နန္ဒာက တော့ သူ့ရဲ့ ရှေ့နေများနဲ့အတူ စက် တင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ က မရမ်းကုန်းတရားရုံးကို လာ ရောက်ခဲ့ပါတယ်။ စိုးမြတ်နန္ဒာရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်း မင်းသန့်က…

“ဦးကျော်ကျော်ထွန်းက ခရီး လွန်နေတယ်လို့ အကြောင်းပြပါ တယ်။ သူ့ရဲ့ရှေ့နေက ခွင့်စာလာတင် ပါတယ်။ အဲဒါကြောင့် တရားရုံးက လည်း နောက်တစ်ပတ် ရုံးချိန်းကို လာရောက်ပါဆိုပြီး ၂၁ ရက်နေ့ကို ပြောင်းရွှေ့ပေးလိုက်ပါတယ်” လို့ ဦး ကျော်ကျော်ထွန်း လာရောက်ခဲ့ခြင်း မရှိကြောင်း အတည်ပြုပြောကြားခဲ့ပါ တယ်။

 

စိုးသူ၊ စိုးမြတ်နန္ဒာနှင့် အများ သိစေရန်ကြေညာခြင်းဆိုပြီး ငွေ ကြေးပေးရန် ပျက်ကွက်ကြောင်းကို ဦးကျော်ကျော်ထွန်းက နိုင်ငံပိုင် သတင်းစာမှာ ထည့်သွင်းကြေညာခဲ့ တာဖြစ်ပြီး အဆိုပါငွေကြေးကိစ္စဟာ စိုးမြတ်နန္ဒာနဲ့ သက်ဆိုင်ခြင်းမရှိဘဲ ဂုဏ်သိက္ခာကျဆင်းအောင်ပြုလုပ်တဲ့ အတွက် စိုးမြတ်နန္ဒာက ဦးကျော် ကျော်ထွန်းကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here