ဒုတိယတစ်ကိုယ်တော်အခွေ အမြန်ဆုံးထွက်ချင်နေတဲ့ ရဲရင့်အောင်

0
206

‘ချေ’စီးရီးခွေထွက်ပြီးကတည်းက ဂီတနဲ့ ပတ်သက်လို့ တစ်ပုဒ်တလေ ထွက်တာကလွဲပြီး သီချင်းသစ်တွေ သိပ်မထွက်ဖြစ်တော့တဲ့ ရဲရင့်အောင်က သူဘာဖြစ်လို့ အခွေထွက်ဖို့ ကြန့်ကြာနေတာလဲဆိုတာကို အခုလိုပြောပါတယ်။

“ကျွန်တော့်အခွေအတွက် တိုင်ပတ်နေတဲ့အဆင့်ပါပဲ။ ဖြစ်နိုင်မယ် ဆိုလို့ရှိရင် ကျွန်တော် ၂ဝ၁၉ ခုနှစ် မရောက်ခင် ထွက်ချင်တာ။ ကျွန်တော်က အခွေနဲ့ ပတ်သက်ရင် တိုင်ပတ်နေတာတွေ အများကြီးပဲ။ ပြီးတော့ တစ်ည လောက် အာရုံစိုက်ပြီးတော့ အလုပ်လုပ်လိုက်ရင် နောက် ၃ ရက်လောက်က အလုပ်လုပ်လို့ မရတဲ့အခါကျတော့ ကျွန်တော် တအား စိတ်ညစ်ရတယ်။ စိတ်ဓာတ်ကျရတယ်။ အဲဒီတော့ အခွေက ကြာနေတယ်။ အဲဒီလိုမျိုး ကြာနေ တယ်ဆိုပြီး တခြားအလုပ်တွေ မလုပ်လို့လည်းမရတော့ စီးရီးခွေက နည်းနည်း လေးကြာသွားတယ်။ အဲဒီတော့ ပြီးတာနဲ့ ရအောင်ကြိုးစားပြီး လုပ်မှာပါ။ ဒီနှစ်ထဲတော့ရအောင် ထွက်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ထွက်ချင်ပြီ။ တအားပင်ပန်းနေပြီ။ အခွေကို ကျွန်တော် အမြန်ဆုံး ထွက်ချင်ပါတယ်။ အဲဒါကြောင့် ကြိုးစားနေပါတယ်”လို့ ရဲရင့်အောင်က ပြောပါတယ်။

ရုပ်ရှင်နဲ့ပတ်သက်ပြီး ‘ငါ့ကို နမ်းတဲ့ မုန်တိုင်း’ ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဦးဆုံးပွဲထွက်လာခဲ့သလို အောင်လည်း အောင်မြင်ခဲ့တဲ့ ရဲရင့်အောင်က သူ့ရဲ့ ဒုတိယမြောက်ရုပ်ရှင် ဇာတ်ကားကို မကြာမီပါဝင်ရိုက်ကူးတော့မယ်လို့ ဆိုပါတယ်။

“ကျွန်တော် ၁ဝ လပိုင်းထဲမှာ တော့ ဇာတ်ကားပါဝင်ရိုက်ကူးဖို့ရှိတယ်။ ဒါပေမဲ့ ဘာညာကွိကွသာရကာကတော့ စခါနီးကျမှ ပြန်ပြောမယ်လေ” လို့ ရဲရင့်အောင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here