ပိုလန်နိုင်ငံမှာသွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ရွှေအိမ်စည်

0
232

အလှမယ် ရွှေအိမ်စည်က လတ်တလောမှာ နိုဝင်ဘာလထဲကျရင်တော့ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင် မယ့်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ် နေတယ်လို့ သိရပါတယ်။ ပြင်ဆင်မှု တွေနဲ့ပတ်သက်ပြီး ရွှေအိမ်စည်က “အိမ်စည်သွားရောက်ယှဉ်ပြိုင် ရမှာ က နိုဝင်ဘာလထဲမှာ ပိုလန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ပါ။ ပြင်ဆင်မှုတွေကတော့ အိမ်စည်က အဓိ က ဖက်ရှင်ပိုင်း ဆိုင်ရာမှာတအားကို လှနေစေချင်တယ်။ လုံးဝကြည့် လိုက်တာနဲ့ အံ့သြစေမယ့်အရာမျိုး တွေ ဖြစ်လာအောင် ပြင်ဆင် နေပါတယ်။ ကျန်တာကတော့ တအားကြီး ပြင်ဆင်စရာတော့ မရှိပါဘူး။ အကုန်လုံး အဆင်ပြေပါတယ်”လို့ ပြောပါတယ်။

Miss Golden Land Myanmar (MGL) Organization နဲ့ လက်တွဲဖြစ်တဲ့အချိန်မှာ အခက်အခဲတွေကောရှိခဲ့လားလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေအိမ်စည်က

“MGLနဲ့က အခက် အခဲမရှိဘူး။ အကုန်လုံးအဆင်ပြေပါတယ်။ ကိုယ်နဲ့ ကိုယ့် Organization အဆင်ပြေတဲ့အတွက် ပိုပြီးတော့ လှုပ်ရှားရတာ ကောင်းတယ်။ ပိုပြီးတော့ ထိရောက် မှုရှိတယ်။ ကိုယ်နည်း နည်းလုပ်တာနဲ့ ကိုယ်များများဖြစ်တယ်။ သူတို့လည်း အိမ်စည့်ကို ဘယ်လိုမြင်လဲဆိုတော့ နည်းနည်းလေး တွန်းတာ နဲ့များများ ရောက်တယ်လို့ မြင်တဲ့အတွက် ကြောင့် နှစ်ဦးနှစ်ဖက် ကောင်းကျိုး တွေရတယ်။ အဲဒီအတွက် ကြောင့် ဆက်လုပ်သွားတဲ့အရာတွေမှာ တအားကြီး ခက်ခက်ခဲခဲကြီးတော့ မရှိပါဘူး။ အကုန်လုံး အဆင် ပြေပါတယ်” လို့ပြောပါတယ်။ အရင် Organization နဲ့ အခု Organization နှစ်ခု ခြားနား ချက် တွေက ဘာတွေဖြစ်မလဲလို့ မေး ကြည့်တဲ့အခါမှာတော့ ရွှေအိမ်စည် က

“ခြားနားချက်က တော်တော်လေး များတယ်။ အဲဒီတုန်းက ပြိုင်ပွဲတုန်း က အိမ်စည်လည်း မစဉ်းစားမိဘူး။ အဲဒီလောက်ထိ ကွာခြားလိမ့်မယ်လို့ အိမ်စည် ကတော့ Negative ကိုတော့ မကြည့်ဘူး။ Positive ပဲကြည့် တယ်။ ဒီ Organization MGL နဲ့ အလုပ်လုပ်ရ တာတအားကောင်းတယ်။ တအားအဆင် ပြေတယ်။ တခြားဘယ်သူ နဲ့မှမတူဘူး။ အဲဒီ အတွက်လည်းကျေနပ်ပါတယ်”လို့ ရွှေအိမ်စည်ကပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here