မိတ်ကပ် ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း)တို့နဲ့ရုပ်ရှင်ကားကြီးရိုက်ကူးမယ့်လင်းလင်း (Make up Artist)

0
199

လင်းလင်း (Make up Artist) က မြင့်မြတ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူး သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိတ်ကပ်ခင်စန်းဝင်း၊ မိတ်ကပ်ညီညီမောင် (စမ်းချောင်း)တို့လည်းပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။ လင်းလင်းအနေနဲ့ကတော့ ဒီဇာတ် ကားက သူ့ရဲ့ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ အရင်ကလည်း ဇွတ်ကျားဇာတ်ကား ကို မြင့်မြတ်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ဖူး ပါတယ်။ အခုရိုက်ကူးမယ့်ရုပ်ရှင် ဇာတ်ကား ကတော့ အပြင်ကသူတို့ ရဲ့ ပုံစံအတိုင်းပဲ သရုပ် ဆောင်ရမှာ ဖြစ် သလို ဇာတ်လမ်း ပုံစံကလည်း ကောင်း တဲ့အတွက် လက်ခံဖြစ်တာလို့ လင်းလင်းကပြောပါတယ်။

“လင်းကဇာတ်ညွှန်းအရင်ဆုံး တောင်းဖြစ် တယ်။ ဇာတ်ညွှန်း တောင်းဖြစ်တယ်ဆိုတာ ကလည်း မင်းသမီးစိတ်ဝင်နေလို့လည်း မဟုတ် ပါဘူး။ မကျွမ်းကျင်တဲ့အတွက်ကြောင့် ကိုယ်လုပ် ရမယ့်နေရာလေးကို သေချာလေးသိချင်လို့ပါ။ သူတို့ဇာတ်ညွှန်းပို့လိုက်တဲ့အခါမှာ မဆိုးဘူးပေါ့ နော်။ ကိုယ်အပြင်မှာ လက်ရှိ သွားလာလှုပ်ရှားပြီး တော့ ဖြတ်သန်းနေရတဲ့ ဘဝပုံစံမျိုးလေး ဆိုတော့ လေ။ လင်းတို့ကလည်း ရုပ်ရှင်ကိုတစ်လကို တစ်ကားတို့ တစ်လကိုနှစ်ကားတို့ ပုံမှန် ရိုက်ကူးမယ့်သူတွေလည်း မဟုတ်တဲ့ အခါကျတော့ ဘဝမှာ အမှတ်တရလေး တစ်ခုပေါ့လေ။ ကိုယ့်အတွက် အမှတ်တရဖြစ် စေချင်လို့ပေါ့လေ။ ဒီဇာတ်ကားထဲမှာက မိတ်ကပ် ဆရာမတွေပဲပေါ့။ ကာရိုက်တာက တခြားကာရိုက် တာမဟုတ်ဘူး ဆိုတော့ လင်းတို့အတွက်က တော့ ခက်ခဲမှုမရှိလောက် ဘူးလို့တော့ ထင်တာပဲ။ ဒါပေမဲ့ တကယ်ရိုက် ကွင်းပေါ် ရောက်တဲ့ အခါကျရင်တော့ လင်း ‘ဇွတ် ကျား’ ဇာတ်ကား ရိုက်ကူး တုန်းကဆို ကိုမြင့်မြတ်က လည်း LGBT တွေကို ချစ်တတ်တဲ့ သူမျိုး ဆိုတော့ သူကလည်း ရိုက်ကွင်းမှာ စနောက်နေတာပဲ။ ကိုယ်တွေက လည်း တစ်ကျပ်ဖိုးပြော လိုက်ရင် တစ်ဆယ် ဖိုးလောက် ကိုရယ် တတ်တဲ့သူမျိုးတွေ ဆိုတော့ ဒီဇာတ် ကား ရိုက်ကူးရင် လည်း ၇ခါ ၈ခါ လောက်များ တစ် ခန်းကိုပြန်ပြန် ရိုက် နေရမလား တောင် မသိဘူး။ ဒီဇာတ်ကား လေးက မကြီးစန်းရော ညီမောင်ရော၊ လင်း ရော ဆိုတော့ ပျော်စရာကောင်း မယ်လို့ ထင်ပါတယ်။ လင်း ကအလုပ် တစ်ခုလုပ်ရင် စိတ် ညစ်စရာကောင်းတဲ့အလုပ်တွေ ဆိုရင် လုပ်လေ့လုပ်ထလည်းမရှိ ဘူး။ လုပ်လည်းမလုပ်ချင်ဘူးလေ။ ပျော်ပျော်ရွှင်ရွှင်နဲ့လုပ် ရတာကို ပိုကြိုက်ပါတယ်” လို့ ဇာတ်ကား လက်ခံဖြစ်ပုံနဲ့ ပတ်သက်လို့ လင်း လင်းကပြောပြပါတယ်။ သူကတော့ နောက်ထပ် ရုပ်ရှင်ကားတွေ လာငှား တဲ့အခါမှာလည်း နေရာလေး ကောင်းရင် ရိုက်ကူးဖြစ်သွားဦးမှာပါလို့ ပြောပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here