လူငယ်လူရွှင်တော်တွေအနေနဲ့ ဆရာဂိုဏ်း သမားဂိုဏ်း မသင့်ကြပါစေနဲ့လို့ အကြံပြုစကားဆိုတဲ့ လူရွှင်တော် ကောင်းကျော်

0
168

အနုပညာလောကမှာ သူငယ်ချင်းဖြစ်သူကိုငြိမ်းချမ်းနဲ့ အတူတူ လက်တွဲလုပ်ကိုင်ခဲ့ရတဲ့ အချိန်ကာလတွေကတော့ ဘယ်လိုမှမေ့လို့မရဘဲ အင်မတန်မှလွမ်းစရာကောင်း ပျော် စရာကောင်းခဲ့တဲ့ကာလတွေပဲလို့ လူရွှင်တော်ကောင်းကျော် က ပြောပါတယ်။

“အခုနောက်ပိုင်းလည်း ကိုငြိမ်းချမ်းနဲ့ ဆုံတဲ့အခါရှိပါ တယ်။ အဲဒီအခါကျရင်လည်း အရင်တုန်းလိုပဲ တစ်သား တည်းဖြစ်ပြီးတော့ တအားပျော်စရာကောင်းပါတယ်”လို့ လူရွှင်တော်ကောင်းကျော်က ပြောပါတယ်။ သူတို့နှစ်ယောက် ကတော့ သူငယ်ချင်းတွေဖြစ်တဲ့အတွက် အနုပညာနဲ့ ပတ် သက်လို့လည်း တိုင်ပင်ဖြစ်ပြီး အခုအချိန်အထိလည်း အမြဲ တွဲဖြစ်ကြတယ်လို့ သိရပါတယ်။

လူရွှင်တော်ကောင်းကျော်တို့ဆိုတာကတော့ အခုအချိန် မှာ ဝါရင့်လူရွှင်တော်တန်းကိုရောက်ရှိလို့လာခဲ့ပါပြီ။ သူတို့ အနေနဲ့လည်း အနုပညာလောကမှာ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်အနေနဲ့ ဖြတ်သန်းလာခဲ့တာ နှစ်ပေါင်းများစွာ လည်းကြာခဲ့ပါပြီ။ ဒါကြောင့်လည်း အတွေ့အကြုံတွေက လည်း များစွာရှိနေပါတယ်။ ဒီအတွေ့အကြုံတွေနဲ့ ယှဉ်ပြီး လူငယ်မျိုးဆက်သစ်လူရွှင်တော်တွေအတွက် အကြံပြုစကား ပြောပေးပါဦးလို့ဆိုတော့ …

“အဟောင်းပျက်ရင် အသစ်လုပ်လို့မရဘူး။ အသစ် ဆိုတာ အဟောင်းကိုမှီငြမ်းရတာကိုး။ အဲဒီတော့ အဟောင်း ကိုလည်းကောင်းအောင်လုပ်ကြပါ။ အသစ်ကိုလည်း ဖန် တီးကြပါ။ ပြီးတော့ ဆရာဂိုဏ်းသမားဂိုဏ်း သင်ဆရာ မြင် ဆရာတွေနဲ့ ကြားဆရာဂိုဏ်းတွေမသင့်စေနဲ့။ ရိုသေပါလေး စားပါ။ လိုအပ်တာရှိရင်မေးပါ။ ကိုယ်တို့ ဖြတ်သန်းခဲ့သ လောက်လေးတော့ အားလုံးမျှဝေကြမှာပါ။ တချို့မျိုးဆက် သစ်လေးတွေကျတော့လည်း အဲဒီအပိုင်းလေးတွေမှာ အား နည်းတာမျိုးလေးတွေတွေ့ရတယ်။ အထူးသဖြင့် ဂိုဏ်းမသင့် ကြပါစေနဲ့။ ဂိုဏ်းကိုလွတ်အောင် ရှောင်ကြပါလို့ မှာချင်ပါ တယ်” ကိုကောင်းကျော်က ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here