Miss Face Of Beauty Myanmar 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် မြင့်မိုရ်မေ

0
166

Miss Universe Myanmar Organization မှ စေလွှတ်တဲ့ Miss Face Of Beauty Myanmar 2018 အလှမယ် မြင့်မိုရ်မေကတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ကျင်းပပြုလုပ်မယ့် Miss Face Of Beauty Myanmar 2018 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် စက်တင်ဘာလ ၆ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုရာလေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီးသွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့ကြိုးစားပြင်ဆင်ထားမှုများကို Miss Face Of Beauty Myanmar 2018 အလှမယ် မြင့်မိုရ်မေက အခုလို ပြောပြခဲ့ပါတယ်။

“လိုအပ်တာတွေ အားလုံးကို Organization ကပံ့ပိုးပေးတာတွေရော ကိုယ့်ဘာသာကိုယ် လေ့လာတာတွေရော အကုန်လုံး အစစအရာရာ အကောင်းဆုံးဖြစ်အောင်တော့ ပြငင်ဆင်ထားပါတယ်။ Fashion ပိုင်းကအစ အသေးစိတ် ပြင်ဆင်ထားပါတယ်။ ကိုယ်ကတော့ အကောင်းဆုံး ပြင်ဆင်ပြီးသွားပြီ။ အဲဒါကြောင့် အများကြီးလည်း မျှော်လင့်ထားပါတယ်။ အကောင်းဆုံးသော အရာတွေကို ချပြနိုင်ဖို့နဲ့ အကောင်းဆုံးသောအရာတွေကို ရယူနိုင်ဖို့ပဲ ကျန်တော့တယ်ပေါ့။ ညီမရော ညီမနဲ့ သက်ဆိုင်တဲ့ လူတွေရော၊ ညီမပတ်ဝန်းကျင်က လူတွေရော အကောင်းဆုံးဆိုတဲ့ အရာတွေကို မျှော်လင့်နေပါတယ်” လို့ ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ Talent Show အတွက် မြန်မာမှုကို အဓိကထားပြီး ပြသသွားမှာလားလို့ မေးမြန်းခဲ့ရာ… “Talent Show အတွက် ပြင်ဆင်ထားပါတယ်။ ညီမက ဘားအံကိုယ်စားပြုနဲ့ Miss Universe Myanmar ဝင်ပြိုင်တုန်းက ကရင်ဒုံးယိမ်းကို ရုပ်သေးကြိုးဆွဲတယ်ပေါ့နော် ညီမရဲ့ Talent က အရင်ကလည်း ရုပ်သေးကြိုးဆွဲဖြစ်တဲ့အတွက် အခုလည်း Talent Show ကို ရုပ်သေးကြိုးဆွဲပဲ ပြသွားမှာပါ။ မြန်မာဆိုတာနဲ့ ရုပ်သေးရုပ်ကို သိကြတဲ့အတွက် ညီမရဲ့ Talent ကလည်း ရုပ်သေးကြိုးဆွဲ ဖြစ်နေတော့ အဆင်ပြေသွားပါတယ်” လို့ မြင့်မိုရ်မေက ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here