ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးပြက်လုံးတွေ မပြက်ပါနဲ့ဆိုတဲ့ လူရွှင်တော် ငြိမ်းချမ်း

0
170

လူရွှင်တော်ငြိမ်းချမ်းနဲ့ ကောင်းကျော်တို့ဆိုတာက ၁၉၉၇ ခုနှစ် မြဝတီအငြိမ့်ပြိုင်ပွဲအပြီး ကတည်းက တွဲလာတဲ့သူငယ်ချင်းတွေပဲဖြစ်ပါတယ်။ ဒီ့နောက်မှာတော့ သူတို့နှစ်ယောက် ရွှေညီကိုအဖွဲ့ကို တည်ထောင်ပြီး သူငယ်ချင်းတွေ အငြိမ့်ထောင်ခဲ့ကြပါတယ်။ တွဲလာ တဲ့သက်တမ်းကလည်း ကြာလာခဲ့ပြီဖြစ်တဲ့အတွက် သူတို့သူငယ်ချင်းနှစ်ယောက်ကြား အမှတ် တရတွေကလည်း အများကြီးပါပဲ။

”ကျွန်တော်တို့နှစ်ယောက်ရဲ့ အမှတ်တရတွေကတော့ အများကြီးပါပဲ။ တော်တော့်ကို အမှတ်တရတွေဖြစ်ခဲ့ကြတာပါ။ ပြန်ပြောရင်တောင် ပြောလို့ကို ကုန်နိုင်မယ်မထင်ပါဘူး”လို့ ငြိမ်းချမ်းကပြောပြပါတယ်။ ပရိသတ်တွေကြားသိပ်ကိုရေပန်းစားခဲ့တဲ့ ရွှေညီကိုအဖွဲ့ ကွဲကွာပြီး တဲ့နောက်ပိုင်းမှာတော့ သူတို့တွေဟာ တစ်ယောက်နေရာဆီမှာ အနုပညာနဲ့ပတ်သက်လို့ လှုပ် ရှားခဲ့ကြပါတယ်။

”ဒါကတော့ ရေကြည်ရာမြက်နုရာပါပဲလေ။ စီးပွားရေးအရ အခြေအနေအရ ဦးငြိမ်းချမ်း ကို ရုပ်ရှင်သက်သက်ခေါ်ရိုက်ရင်လည်း ဦးတစ်ယောက်တည်းသွားရတယ်။ ကောင်းကျော် တစ်ယောက်တည်းခေါ်ရင်လည်း သူတစ်ယောက်တည်းခေါ်ရိုက်ရတယ်။ စီးပွားရေးအပေါ် မူတည်ပြီး လုပ်ကြတာဖြစ်တဲ့အခါကြတော့ သိပ်တော့အကြီးအကျယ်ကြီးတော့ မခံစားကြရပါဘူး။ ဒီလိုပဲတစ်ယောက်နဲ့တစ်ယောက်နားလည်ကြတာပေါ့”လို့ အဲဒီကာလက အကြောင်းကို ဦးငြိမ်းချမ်းက ပြောပါတယ်။ ရွှေညီကို အောင်မြင်ကျော်ကြားခဲ့စဉ်က ကာလနဲ့အခုကာလ ဘာတွေကွာခြားသွားတယ်လို့ထင်လဲလို့ဆက်မေးတဲ့အခါမှာတော့ …

”အကိုတို့အောင်မြင်ခဲ့တုန်းက တစ်တိုင်းပြည်လုံး သိမ့်သိမ့်တုန်သွားကြတာလေ။ အခုက တော့ လူရွှင်တော်အဖွဲ့အစည်းတွေက မှိုလိုပေါက်ပြီးအများကြီးဖြစ်လာတဲ့အခါကျတော့ ပရိသတ် တွေက ဘယ်အဖွဲ့ကို အားပေးလို့ အားပေးမှန်းမသိဘူး။ အစ်ကိုတို့ နောက်ကိုမီအောင် လိုက်နိုင် တာဆိုတော့ အစ်ကိုတို့ရဲ့ညီတွေ တပည့်တွေဖြစ်တဲ့ Five Star အဖွဲ့ပဲရှိတယ်။ လူငယ်တွေကို အစ်ကိုပြောချင်တာကတော့ ပြက်လုံးပြက်တယ်ဆိုရင် လူရွှင်တော်ဆိုတာ ရယ်စရာပဲလုပ်ရမှာ လေ။ ရယ်စရာပြက်လုံးပြက်တဲ့အခါမှာ ခေတ်နဲ့အညီ ရင်ပေါင်တန်းပြီးတော့ခေတ်နဲ့ အမီပြက်လုံးလေးတွေဖြစ်အောင် တီ ထွင်ဖို့ ဆန်းသစ်ပါ။ ရှေးသမားစဉ်တွေ မပျောက်အောင် ထိန်းသိမ်းပါ။ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး ထိခိုက်အောင်မပြက်ပါနဲ့။ ဂိုင်းဂဏတွေ ရှောင်ပါ။ အချင်းချင်းညီညွတ်ပါ။သက်ကြီးလူရွှင်တော်တွေရဲ့ သွန် သင်ဆုံးမသြဝါဒပေးတဲ့ စကားတွေကိုနားထောင်ပါ။ ပညာတွေပေးရင် လေးလေးနက်နက်ခံယူပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here