ချစ်သူက စိတ်ချမ်းသာအောင်ထားလို့ ချစ်စရာကောင်းပြီး လှပနေတာပါ အေးမြတ်သူ

0
257

အေးမြတ်သူက အခုလက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ နေတဲ့ ‘မိုးကောင်းကင် အိပ် မက်များ’ ဇာတ်လမ်းတွဲမှာ နေခြည်ဝင့်ထည်ဆို တဲ့ ဗီလိန်ကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်ခဲ့ပါတယ်။ တချို့ပရိသတ် တွေက ဒီဇာတ်လမ်းတွဲမှာ စီးမျောခဲ့ကြပြီး ဗီလိန်ဖြစ်တဲ့ နေခြည်ဝင့်ထည် ကိုလည်း တော်တော်လေးမုန်းနေခဲ့ကြပါတယ်။

အခုလို ပရိသတ်တွေမုန်းတီးခံရတဲ့ ဗီလိန်ကာရိုက်တာကို သရုပ်ဆောင်ခဲ့တဲ့ အေးမြတ်သူက … ”တော်တော် များများကလည်း သဘောကျကြတယ်။ တချို့ကလည်း မကြိုက်ကြဘူး။ တချို့ကလည်း ဒီကာရိုက်တာကို မလုပ်စေချင်ကြဘူး။ တချို့ကလည်း ကိုယ့်ကို တအား မုန်းသွားကြတယ်။ အေးမြတ်သူ တအားသဘောကျပါ တယ်။ ပရိသတ်မုန်းရင် အေးမြတ်သူ ပျော်ပါတယ်။ အဲဒီထဲမှာ အေးမြတ်သူက မုန်းအောင်သရုပ်ဆောင် ရတဲ့ သရုပ်ဆောင်ဖြစ်နေတာကိုး။ နေခြည်ဝင့်ထည် ကာရိုက်တာကို ဘာကြောင့်လက်ခံပြီးရိုက်လဲလို့ မေးလာခဲ့ရင် အေးမြတ်သူက ကာရိုက်တာကိုမကြည့် ဘဲ ပရိသတ်မျက်နှာကိုပဲ ကြည့်လိုက်တာပါ။ ဗီဒီယိုဇာတ်ကားတွေ ရှားပါးနေချိန်မှာ ဒီဇာတ် လမ်းတွဲက တစ်ပတ်မှာ တနင်္လာနေ့ကနေ သောကြာနေ့အထိ ကိုယ်ချစ်တဲ့သူတွေနဲ့ အမြဲ ထိတွေ့ခွင့်ရမယ်။ အဲဒီတော့ ကာရိုက်တာကြမ်းတာ မကြမ်းတာ ဂရုမစိုက်အားဘူး။ ကိုယ်ချစ်တဲ့သူတွေနဲ့ နေ့တိုင်းနီးပါး အနီးကပ်နေခွင့်ရ မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ဒီဇာတ်ကားထဲက နေခြည်ဝင့်ထည် ကာရိုက်တာကို မျက်စိစုံမှိတ်ပြီး လက်ခံခဲ့ပါတယ်။ ပြီးတော့ တစ်ဆုံးလည်း ကောက်ကောက် ကျစ်ကျစ်ယုတ်ယုတ်မာမာ အိုက်တင် တွေနဲ့ အမုန်းခံအောင်လုပ်လိုက်တယ်။ ဘာပဲပြောပြော နေခြည်ဝင့်ထည်ကို အားပေးတဲ့အတွက် ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နေခြည်ဝင့်ထည်ကသာ ယုတ်မာတာပါ မမြတ်လေးက ချစ်စရာကောင်းပါတယ်”လို့ ရယ်မောစွာ ဖြေကြားခဲ့ပါတယ်။

အေးမြတ်သူက မင်းဦး ဒါရိုက်တာအဖြစ် ရိုက်ကူး ထားတဲ့ ‘ချူဆီ’ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်ရူးသွပ်တဲ့ ကာရိုက်တာတစ်ခုကို သရုပ်ဆောင်ရတဲ့ အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေအပေါ် ရင်ခုန်နေပါ တယ်။ အသက် ၃၃ နှစ် အရွယ်ရောက်ရှိလာပြီဖြစ်တဲ့ အေး မြတ်သူက နုပျိုလှပမှုတွေကို ပိုင်ဆိုင်ထားဆဲပါပဲ။ ဒီလိုနုပျို လှပနေတာ အချစ်ကြောင့် ဖြစ်မလားဆိုတာကိုတော့ အေး မြတ်သူက …”အချစ်ကြောင့် ဘဝကြီးက တအား သာယာပြီး နေရတာ တအားကောင်းပြီး တအားလှနေ တာကတော့ ချစ်ရတဲ့သူတွေနားမှာ နေနေရလို့ပါ။ အဲဒီ အတွက် ချစ်တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ ချစ်သူ ကြောင့်လည်း ပါတာပေါ့။ ချစ်သူက စိတ်ချမ်းသာအောင် ထားလို့ ကိုယ်က ချစ်စရာကောင်းပြီး လှပနေတာလေ”လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here