ဒါရိုက်တာဘက်ကိုပိုဦးစားပေးသွားမယ့် ရွှေရေးထင်ထင်

0
335

စာရေးဆရာလိုင်းကတစ်ဆင့် ဒါရိုက်တာလမ်းကြောင်းဘက်ကို ရောက်ရှိလာသူက တော့ ရွှေရေးထင်ထင်ပါ။ ပထမဦးဆုံးရိုက်ကူးတဲ့ ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင် ဇာတ်ကားကလည်း ပရိသတ်တွေအားပေးလက်ခံမှုရရှိခဲ့ပါတယ်။ ရန်ကုန်မှာ ရုံတင်တဲ့အခါမှာလည်း တစ်လကျော်ကြာပြသခွင့်ရရှိခဲ့သလို နယ်ရုံတွေမှာလည်း ထပ်မံရုံတင်ပြသဖို့ တောင်းဆိုတာတွေလည်းခံခဲ့ရပါတယ်။ ပထမရုပ်ရှင်ဇာတ် ကားမှာပဲ အခုလိုအားပေးမှုတွေရရှိခဲ့တာကြောင့် ဒုတိယရုပ်ရှင်ဇာတ်ကားကိုလည်း ရိုက်ကူးဖို့အတွက် ပြင်ဆင်နေပါပြီ။

“ပရိသတ်ရဲ့အားပေးသံ၊ လက်ခုပ်တီးပြီး အားပေးကြတဲ့အသံတွေက ဒုတိယ ဇာတ်ကားဖန်တီးဖို့အတွက် ခွန်အားဖြစ်စေပါတယ်။ သူတို့အားပေးတဲ့ တောင်းဆိုတဲ့၊ သူတို့ကြည့်ချင်မြင်ချင်ကြတဲ့ ဇာတ်ကွက်လေးတွေရှိတယ်။ ရွှေရေးတို့ကို အားပေးကြ တယ်။ ဒုတိယဇာတ်ကားတွေ မျှော်လင့်ကြတယ်။ အဲဒါကြောင့် ဒုတိယဇာတ်ကား ရိုက်ကူးဖို့အတွက် ခွန်အားတွေ ဖြစ်လာစေတာပါ။ ပထမ ဇာတ်ကားမှာ အားပေးခဲ့တဲ့ ပရိ သတ်တွေကို အထူးကျေးဇူးတင်ပါတယ်”လို့ပြောပါတယ်။ဒါရိုက်တာပိုင်းကို တာ ဝန်ယူတဲ့အခါမှာ ဖိအားတွေအများကြီးရှိတယ်လို့ဆိုတဲ့ ရွှေရေးထင်ထင်က …

“ရွှေရေးတာဝန်ယူရတဲ့အပိုင်းတွေ အများကြီးရှိတဲ့အတွက် ဖိအားတွေ အများကြီးရှိ ပါတယ်။ သရုပ်ဆောင်တွေကို ရွှေရေးလိုချင်တဲ့ဇာတ်ကွက်တွေပေါ်စေဖို့ရယ်၊ အ ကောင်းဆုံး အပီပြင်ဆုံးဖြစ်စေဖို့ရယ်၊ အားနည်းမှုတွေအနည်းဆုံးဖြစ်စေဖို့ရယ် အများ ဆုံးပြင်ဆင်ရတဲ့အတွက် ဖိအားတွေအများကြီးရှိပါတယ်”လို့ ပြောပါတယ်။ ရွှေရေးထင် ထင်က အခုနောက်ပိုင်းမှာ လုံးချင်းဝတ္တုတွေရေးသားတာထက် ဇာတ်ညွှန်းရေးသား တာကိုပဲ အချိန်ပိုပေးဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ ဒါရိုက်တာပိုင်းကို ပိုပြီးဦး စားပေးဖြစ်မယ်လို့ ရွှေရေးထင်ထင်က ပြောပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here