ရွှေပိုးအိမ်ဇာတ်ကားရိုက်ကူးရေးတွေဘာကြောင့်နားထားရတာလဲ

0
105

သရုပ်ဆောင် ရွှေပိုးအိမ်က အဆုတ်နည်းနည်းရောင်နေတဲ့ အတွက် ဇာတ်ကားရိုက်ကူးမှုတွေကို ခဏနားထားကြောင်း ပြောပါတယ်။သူထူးစံနဲ့ ရိုက်ကူးတဲ့ဇာတ်ကားမှာ မိုးရေထဲရိုက်ကူးရတဲ့အတွက် အဆုတ်အအေးပတ် သွားတာကြောင့် အဆုတ်ရောင်သွားရခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒါက လူတိုင်းဖြစ်တတ်မှာပါ။ ဘာလို့လဲဆိုတော့ မိုးကရွာလိုက် နေကပူလိုက်ဆိုတော့ အဲဒီဒဏ်တွေကြောင့် လူကကျန်းမာရေးမကောင်း တာမျိုးတွေဖြစ်တတ်တယ်။ အခုဆိုရင် ချောင်းဆိုးတာလေးကျန်နေတယ်။ အဲဒါကကိုယ့်အတွက်က တအားအရေးကြီးနေတယ်။ လူကြားသူကြားထဲ ချောင်းဆိုးတာက သူ့များတွေအတွက်လည်း အနှောင့်အယှက်ဖြစ်သလို ကိုယ်လည်း နေရတာအဆင်မပြေဘူး။ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ရိုက် တဲ့အခါဆိုရင် ချောင်းဆိုးတာမျိုးကအဆင်မပြေဘူး။ အိုက်တင်လုပ်ရတာ လည်း အဆင်မပြေဘူး။ အဲဒီတော့နားမှရမှာလေ။ တော်တော်လေးကို နေမကောင်းဖြစ်တာဆိုတော့လေ။ ဒီရက်ပိုင်းတော့နည်းနည်းသက်သာလာ ပါပြီ။ ဒါပေမဲ့ ချောင်းဆိုးတာတော့ အမြစ်မပြတ်သေးဘူး။ အမြစ်ပြတ် သွားအောင်ရေခဲရေလျှော့သောက်တယ်။အအေးတွေ ဘာတွေမသောက်ဘူး။သကြားလုံးတွေ ဘာတွေမစားဘူး။ သေချာလေးတော့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးတော့နေဖြစ်ပါတယ်”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဂရုစိုက် နေရတဲ့အကြောင်းကို ရွှေပိုးအိမ်က ပြောပြပါတယ်။

အခုချိန်မှာ ရာသီဥတုကလည်း မကောင်းတဲ့အတွက် ပရိသတ်တွေ အနေနဲ့ ကျန်းမာရေးကိုအထူးဂရုစိုက်စေချင်ပြီး မိုးရွာထဲကနေပြန်လာပြီ ဆိုရင်လည်း အိမ်မှာ နွေးနွေးထွေးထွေးနေပါလို့ ရွှေပိုးအိမ်က ပြောခဲ့ပါသေး တယ်။

လင်းအက္ခရာ

ဓာတ်ပုံ – မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here