ကိုယ့်ရဲ့ အငြိမ့်အဖွဲ့သားတွေကိုအမြဲတမ်းဂရုစိုက်ဖြစ်တယ်ခင်လှိုင်

0
189

ဟာသသရုပ်ဆောင်ပိုင်းမှာ လည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင် တဲ့အတွက် ပရိသတ်တွေရဲ့ အချစ် ကို ရရှိထားတဲ့ ခင်လှိုင်ကတော့ သ ရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သလို သူတည်ထောင်ထားတဲ့ အငြိမ့်အဖွဲ့ ဆိုရင်လည်း ပရိသတ်အခိုင်အမာရရှိ ထားတာပဲဖြစ်ပါတယ်။ အလှူအတန်း တွေ အမြဲတမ်းလုပ်၊ စက်အဖွဲ့တွေ၊ အငြိမ့်အဖွဲ့တွေကို ကူညီထောက်ပံ့ ပေးဖြစ်ပုံကိုလည်း ခင်လှိုင်က ..

“ဦးခင်လှိုင် ရိုက်ကွင်းမှာဆိုရင် လည်း ကားတစ်ကားပြီးတိုင်း စက်မှု လုပ်သားတွေကို ဒါနပြုတယ်။ လှူ တယ်။ စတီးချိုင့်လေးတွေ ဂျာကင် လေးတွေ လှူဖြစ်တယ်။ ဦးခင်လှိုင် ဆီမှာ တပည့်အဖွဲ့သား ၃ဝ ကျော်ရှိ တယ်။ သူတို့တွေအတွက် ညကြေး ပေးရတာညကြေးပေးရ တယ်လို့ သဘောမထားဘူး။ သူတို့မိသား စုအတွက် ထောက်ပံ့ဖြစ်အောင် ပေးတယ်လို့ပဲ စိတ်ထဲမှာ ထားတယ်။ သူတို့ကို မိသားစုလိုပဲ သဘောထား တယ်။ ညကြေးတိုးပေးမယ်ဆို တချို့တွေက ဘာလို့ တိုးပေးမှာလဲ ဆိုပြီး ပြောကြတယ်။ အစ်ကို့ အဖွဲ့သားတွေကို ကြုံလို့ရှိရင် မေးကြည့်ပါ။ သူတို့တွေ ကိုယ့်ဆီမှာ နေလာတာ တချို့ဆို ၁ဝ နှစ်ရှိတဲ့သူ လည်းရှိတယ်။ သူတို့ ကျိတ်ပြီး ညကြေးတိုးတောင်းစရာ မလိုဘူး။ နှစ်စဉ်တိုး ပေးခဲ့တယ်။ ကျွန်တော့် မိန်းမကလည်း သူတို့ရဲ့ ညကြေးတွေ ကို သူတို့မိန်းမဆီ အတိအကျပြန် အပ်ပေးတယ်။ ခရီးတစ်ခု ထွက်ပြီ ဆိုရင်လည်း လမ်းမှာစားတာ၊ သောက်တာ အကုန်လုံး ကျွန် တော်တို့ပဲ တာဝန်ယူတာ။ နင်တို့ ဒီ လောက်ပဲစားဆိုပြီး ကန့်သတ်ထား တာတွေလည်း မရှိဘူး။ ၃ဝဝဝ ဖိုး စား ၅ဝဝဝ ဖိုးစားဆိုပြီး မကန့် သတ်ထားဘူး။ ကြိုက်သ လောက် စား။ သူတို့ မုန့်စားနေတဲ့ အချိန် မသိချင်ယောင်ကိုဆောင်လိုက် တယ်။ ပြီးမှအကုန်သွားရှင်းပေး တာ။ အဲဒီလိုမျိုး ဦးခင်လှိုင်တို့ စေ တနာထားတယ်။ ကန်ထရိုက်မပေး ပေမယ့် မင်းတို့ကို ငါတို့ ဘာလို့ကျွေး လဲဆိုတော့ ဦးခင်လှိုင်ကို ဆုချလို့ရတဲ့ ပိုက်ဆံတွေ အကုန်လုံးက သူတို့ကို ကျွေးလို့ ရတယ်ဆိုပြီး အမြဲတမ်း ပြောတယ်။ ကိုယ့်ရဲ့ အဖွဲ့သားတွေ ကို စေတနာအမြဲထားပြီး ဆက်ဆံပါ တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here