သက်ကြီးလူရွှင်တော်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ဘောလုံးကန်ပြီးရန်ပုံငွေရှာဖွေကြမယ့် အနုပညာရှင်များ

0
202

လူရွှင်တော်အသင်း (ရန်ကုန်) မှ ကြီးမှူးကျင်းပသည့် သက်ကြီး လူရွှင်တော်များအား ကူညီထောက်ပံ့ ရေးရန်ပုံငွေ ဘောလုံးပွဲကို ဝင်ကြေး အခမဲ့ဖြင့် စက်တင်ဘာ ၁၅ ရက်နေ့ တွင် အောင်ဆန်းဘောလုံးအားကစား ကွင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဆိုပါဘောလုံးပွဲမှာတော့ အနု ပညာရှင်အမျိုးသမီးအသင်းဖြစ်တဲ့ ဘေဘီစတား FC ဘောလုံးအသင်း၊ သက်ကြီးသက်ငယ်အရွယ်စုံပါဝင် မယ့် အမျိုးသားလူရွှင်တော် FC ဘောလုံးအသင်းတို့က ယှဉ်ပြိုင်က စားကြမှာဖြစ်ကြောင်း သိရပါတယ်။

ဘောလုံးပွဲကိုတော့ ညနေ ၃ နာရီမှာ စတင်ပြုလုပ်မှာဖြစ်ပြီး နေ့ လယ် ၁ နာရီမှာတော့ အဆိုတော် များက တေးသီချင်းများနဲ့ ဖျော်ဖြေ တင်ဆက်ကြမှာဖြစ်ပါတယ်။ ဒီဘော လုံးပွဲက သက်ကြီးလူရွှင်တော်ကြီး တွေကို ပူဇော်ကန်တော့နိုင်ဖို့အတွက် အလှူငွေများ ရရှိနိုင်ရေး ရည်ရွယ် ပြီး ပြုလုပ်တဲ့ပွဲဖြစ်ပါတယ်။

လူရွှင်တော်အသင်း (ရန်ကုန်)အနေနဲ့ သက်ကြီးလူရွှင်တော်ကြီးများ ကို အသက် ၆၅ နှစ်အထက် တစ်ဦးလျှင်ကျပ် ၅ သိန်းနဲ့ ကန်တော့ပစ္စည်းများလည်းပါ ဝင်ပါ တယ်။


“ဦးငြိမ်းချမ်းတို့ရဲ့ ဆရာ့ဆရာ ကြီးတွေကို ကန်တော့ရတာဖြစ်တဲ့ အတွက်ကြောင့် အတိုင်းအဆ မရှိ ဝမ်းသာပီတိဖြစ်မိပါတယ်။ သက်ကြီး လူရွှင်တော်ကြီးတွေကို ပူဇော်ကန် တော့ဖို့ ရန်ပုံငွေရှာတဲ့ပွဲဖြစ်တဲ့ အတွက် အလှူရှင်တွေများများလာပြီး တော့ လှူပေးကြပါလို့ ပြောချင်ပါ တယ်”လို့ လူရွှင်တော်ကြီး ငြိမ်းချမ်း က ပြောပါတယ်။ ရန်ပုံငွေဘောလုံးပွဲ မှာ ပါဝင်ကစားမယ့် လူရွှင်တော် ကောင်းကျော်ကလည်း “အစ်ကိုတို့ရဲ့ သင်ဆရာမြင်ဆရာ ကြားဆရာတွေ ကို တတ်စွမ်းတဲ့ဘက်ကနေ ပြန်ပြီး တော့ ထောက်ပံ့ဖို့ ကန်တော့ဖို့ အတွက် ကိုယ်တိုင်လုပ်အားနဲ့ ကိုယ် တိုင် အပင်ပန်းခံပြီး ပါဝင်ရတဲ့ အတွက် ပြောမပြတတ်အောင် ဝမ်း သာရပါတယ်” လို့ ပြောပါတယ်။ လူ ရွှင်တော်အသင်း(ရန်ကုန်)အနေနဲ့ သက်ကြီးပူဇော်ပွဲကို နှစ်စဉ်ပြုလုပ်နိုင် ရေးအတွက် ရန်ပုံငွေရှာရတဲ့အခါမှာ အခက်အခဲလေးတွေတော့ရှိလာ တယ်လို့ လူရွှင်တော်ပန်းသီးက ပြော ပြပါတယ်။


“တိုင်းပြည်ရဲ့ စီးပွားရေးတိုင်း ပြည်ရဲ့ အခြေအနေကြောင့် ကျွန် တော်တို့က ရန်ပုံငွေရှာရတာ အင်မ တန်ခက်တယ်။ ပြီးတော့ အခုလက်ရှိ အခြေအနေက ရေဘေးနဲ့ ကြုံတွေ့ နေရတဲ့ အခြေအနေဆိုတော့ ကျွန် တော်တို့ ပိုတောင်အားနာမိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကလည်း လူရွှင်တော် သက်ကြီးများအတွက် နှစ်စဉ်နှစ်တိုင်းလုပ်နေကျဆိုတော့ ဖြစ်နိုင်တဲ့နည်းနဲ့ ကျွန်တော်တို့ ကြိုး စားခဲ့ရတာပါ”လို့ ရန်ပုံငွေရှာဖွေရမှု ခက်ခဲလာရကြောင်းကို ပန်းသီးက ပြောပါတယ်။ လူရွှင်တော်သက်ကြီးပူဇော်ပွဲကိုတော့ ၁၉ ရက်နေ့မှာ ပြု လုပ်သွားမှာဖြစ်တယ်လို့ သိရပါ တယ်။

သတင်း၊

ဓာတ်ပုံ-လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here