ခန္ဓာကိုယ်တစ်ခုလုံးအစစ်တွေချည်းပဲလို့ ပြောလိုက်တဲ့ရီရယ်လတီရုပ်သံစတား

0
230

“Teen Mom” လို့ ကြားလိုက်တာနဲ့ တစ်ပြိုင်နက်သရုပ်ဆောင် Farrah Abraham ကို ချက်ချင်းပြေးမြင်ကြမှာအသေအချာပါ။ အလား တူစွာပဲ အောင်မြင်မှုရဲ့ နောက်ကွယ်မှာ သူ့ကို ဝေဖန်တိုက်ခိုက်နေတဲ့ သူတွေကလည်း ရှိနေသေးတယ်လို့ဆိုပါတယ်။ သူ့အတွက်ခံရအခက်ဆုံးဝေဖန်တိုက်ခိုက်မှုတွေ ကတော့သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ပြန်လည်ပြုပြင်ထားတာဆိုတဲ့ဝေဖန်တိုက်ခိုက်မှုပဲ ဖြစ်တယ်လို့ သိရပါတယ်။

Farrah Abraham တစ်ယောက် လွန်ခဲ့တဲ့နှစ်တွေတုန်းက တင်ပါး ဆေးထိုးခြင်း၊ နှုတ်ခမ်းပြင်ခြင်းအပြင် မျက်နှာကိုလည်း အရေ မတွန့်တဲ့ ဆေးထိုးခဲ့တယ်လို့လည်း ပြောဆိုနေကြကြောင်း သိရပါတယ်။

အဲဒီအသံတွေ ကျယ်လောင်လာချိန်မှာပဲ Farrah Abraham တစ် ယောက်လူသိရှင်ကြား စကားတစ်ခွန်းပြောလိုက်ပါတယ်။ “ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး မွေးရာပါ အစစ်တွေချည်းပဲ။ ပြင်ထားတဲ့ အတု တစ်ခုမှမရှိဘူး”လို့ ပြောဆိုလိုက်တာပဲဖြစ်ပါတယ်။

American reality နာမည်ကြီးရုပ်သံဇာတ်လမ်းတွဲတွေဖြစ်တဲ့ 16 and Pregnant, Teen Mom အစရှိတဲ့ ရုပ်သံအစီအစဉ်တွေနဲ့အတူ ထင်ရှား ကျော်ကြားလာတဲ့ Farrah ဟာ ဆီးရီးယန်း-အီတာလျံနွယ်ဖွား တစ်ဦးဖြစ်ပြီး ၁၉၉၁ခုနှစ်က အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားခဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

Ref:Hollywood Gossip


LEAVE A REPLY

Please enter your comment!
Please enter your name here