Liam Hemsworth နဲ့ Karen Khachanou ကိုအမြွှာညီအစ်ကို လားလို့  မေးခွန်းထုတ်နေကြ

0
205

သြစတြေးလျမင်းသား Liam Hemsworth နဲ့ ရုရှားတင်းနစ်ချန်ပီယံ Karen Khachanou တို့နှစ်ယောက်ကို အမြွှာညီအစ်ကိုလား ဆိုတဲ့မေးခွန်းတွေ မီဒီယာစာမျက်နှာတွေပေါ်မှာ ထွက်ပေါ်နေကြောင်း သိရပါတယ်။

“The Hunger Games” ရဲ့  သရုပ်ဆောင် အသက်၂၈ နှစ်အရွယ် ရှိ သြစတြေးလျမင်းသား Liam Hemsworth တစ်ယောက် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့သူ့ရဲ့အမြွှာညီအစ်ကိုနဲ့ ပြန်တွေ့သွားပြီဆိုတဲ့ သတင်းတွေအများ အပြားထွက်ပေါ်လာခဲ့လို့ပရိသတ်တွေကသို့လောသို့လော ဖြစ်နေကြရတယ် လို့သိရပါတယ်။

အဆိုပါသတင်းတွေက ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ US.Open တင်းနစ်ပြိုင်ပွဲမှာ လက်ရှိကမ္ဘာ့အဆင့် ၁ အဆင့်ရှိသူ စပိန်တင်းနစ်သမားရာဖေးနဒါးနဲ့ယှဉ်ပြိုင်ခဲ့သူ ရုရှားတင်းနစ်သမား Karen Khachanou တို့ရဲ့ ပွဲယှဉ်ပြိုင်ပြီးချိန်ကစပြီး တွစ်တာမှာ အမြွှာသတင်း အများအပြား ထွက်လာခဲ့ပါတယ်။

မင်းသားရဲ့ဓာတ်ပုံနဲ့ ရုရှား တင်းနစ်သမား Karen Khachanou ရဲ့  ဓာတ်ပုံနှစ်ပုံကို ယှဉ်ပြထားတဲ့ပုံတွေကလည်း ပလူပျံသလိုထွက်ပေါ် နေပါ တယ်။ ကာယကံရှင်မင်းသားက ဘာမှမတုံ့ပြန်တော့ပရိသတ်လည်း ပဟေဠိဖြစ် နေတယ်လို့သိရပါတယ်။

Ref: Hollywood Life


LEAVE A REPLY

Please enter your comment!
Please enter your name here