မြန်မာ့အနုပညာကို ကမ္ဘာကသိဖို့ခြေလှမ်းအစဖြစ်တဲ့သဘင်အနုပညာရှင်များရဲ့ တရုတ်နိုင်ငံ ခရီး

0
181


တရုတ်နိုင်ငံ၊ နန်နင်းမြို့၌ ကျင်းပမည့် CHINA-ASEAN THEATER WEEK သို့ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ သဘင်အနု ပညာရှင်၂၅ ဦးက စက်တင်ဘာလ ၈ရက်နေ့ မနက် ၁၁ နာရီမှာတော့ တရုတ်နိုင်ငံကို ထွက်ခွာသွားကြပြီဖြစ် ပါတယ်။

အဆိုပါခရီးစဉ်က ၁ ပတ်ကြာ မြင့်မှာဖြစ်ပြီး မြန်မာ့ဇာတ်သဘင်ရဲ့အနုသုခုမပညာရပ်တွေကို တင်ဆက် သွားကြမှာဖြစ်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်ပြီး သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က …

“ကျွန်တော်တို့ ရသအစုံတင် ဆက်မှာပါ။ ဘာသာစကားနားမလည်သော်ငြားလည်း ကြည့်လိုက်တာနဲ့ တင်သိမယ့် အနုပညာမျိုးလည်း ပါ တယ်။ ပြီးတော့သဘင်အစည်းအရုံးဖြစ်တဲ့အတွက် လောကနတ်နဲ့ပတ် သက်တဲ့ ကလေးတစ်ခုပါတယ်။ ပြီး တော့ ဆရာမြို့တော်မောင်ယဉ် အောင်ရေးပေးတဲ့ ဘုရင့်နောင်အော် ပရာပါတယ်။ ဒီခရီးက ကျွန်တော်တို့ အတွက်အစပဲရှိပါသေးတယ်။ ကျွန် တော်တို့ ရည်ရွယ်ချက်ထဲမှာလည်း ပါတယ်။ မြန်မာ့သဘင်နဲ့ ရိုးရာယဉ် ကျေးမှုနဲ့ ပတ်သက်ပြီးတော့ တခြား နိုင်ငံတွေမှာ လေ့လာတဲ့ သဘော ပေါ့။ သူတို့ဖိတ်ကြားတာကို သွား ရောက်ဖျော်ဖြေတဲ့သဘောပေါ့။နောက်ပိုင်းကျရင်တော့ ကျွန်တော် တို့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ပတ် သက်တာကိုသူတို့တွေပါ ဒီထက်ပို ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်ခံစား တတ်လာအောင် လုပ်ရမှာပါ။သူတို့ တွေရဲ့အနုပညာတွေကို ကျွန်တော် တို့ဆီမှာလည်း တအားခံစားကြ တယ်လေ။ အဲဒီလိုမျိုးပဲ ကျွန်တော် တို့ အနုပညာတွေကိုလည်း သူတို့ဆီ မှာ ခံစားနိုင်ဖို့ရည်ရွယ်ချက်ရှိတယ်။ကျွန်တော်တို့ခေတ်မှာ မစွမ်းဆောင် နိုင်ခဲ့ရင်တောင် နောက်မျိုးဆက်တွေ အတွက် ကျွန်တော်တို့ရှေ့မှာ စု ဆောင်းထားတဲ့အတွေ့အကြုံလေး တွေနဲ့ တည်ဆောက်ချင်တာပေါ့လေ” လို့ ပြောပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here