Special 9ကို သမ္မတရုံမှာ ရုံတင်ပြသခွင့်ရလို့ ပျော်ရွှင်နေတဲ့ယုန်လေး

0
284

ယုန်လေးကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးပြီး ကိုယ်တိုင် လည်း ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Special 9′ ရုပ်ရှင်ဇာတ်ကားကြီးက ရုပ်ရှင် စကားနဲ့ပြောမယ်ဆိုရင် တန်းဝင်တဲ့ ဇာတ်ကားတစ်ကားပါ။ အဓိက ကတော့ သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရယ်၊ ဂီတညီအစ်ကိုတွေ ဖြစ်တဲ့ ထူးအယ်လင်း၊ နိုင်းဝမ်း၊ သားသား၊ ဥဂ္ဂါ၊ ထက်ယံ၊ Ice Cold တို့တွေရယ် စည်းလုံးညီညွတ်စွာ အားဖြည့်ထားတဲ့ Unity ပါပဲ။

“ဒီလူတွေကလည်း ထွေထွေထူးထူး ညှိစရာ၊ တွေ့စရာမှ မလိုတာ။ တကယ်ချစ်တဲ့သူတွေချည်းပဲ ဒီရုပ်ရှင်ဇာတ်ကားထဲကို ထည့်ထားတာ။ ရုပ်ရှင်ဇာတ်ကားထဲမှာ ရင်းနှီးသလို အပြင်မှာလည်း ရင်းနှီးတယ်။ ကျွန်တော်ကတော့ အပျော်ဆုံးပဲ။ Team Work တအားရှိလို့။ တကယ်ချစ်တဲ့ ညီအစ်ကို မိသားစုတွေဖြစ်နေလို့။Press Show ကို လာတာပဲ ကြည့်လိုက်။ တစ်ယောက်လာ၊ နှစ် ယောက်လာမဟုတ်ဘူး။ သမ္မတရုံကို အတူတူရောက်လာကြတာ။ ကျွန်တော်က ၂ဝဝ၉-၂ဝ၁ဝ ခုနှစ်ကတည်းက ဒီဇာတ်လေးကို ကိုယ့်သမိုင်းကိုယ်ရေးကြသူများ-၁ ဆိုပြီး ရိုက်ကူးမယ် လို့ တွေးထားတာ။ မြင့်မြတ်နဲ့ စပြီးတော့တွဲတဲ့ အချိန်မှာ ပြောပြ၊ ပြောပြနဲ့ ကျွန်တော်တို့ဆီမှာ ပိုက်ဆံ၊ ဆင်ဆာ၊ အခွင့်အရေးတွေ မရှိခဲ့ဘူး။ အခုရတဲ့အတွက် ကျွန်တော်တို့ ရိုက်ကူးဖြစ်တာပါ” လို့ ယုန်လေးက ပြောပါတယ်။

‘Original Gangstar-3′ ရုပ်ရှင်ဇာတ်ကားက ဆင်ဆာ အပိတ်ခံထားရတာကြောင့် ‘Special 9္လ မှာ အစစအရာရာ အဆင်ပြေချောမွေ့ခဲ့တယ်လို့ ထင်ကြောင်းပြောတဲ့ ယုန်လေးက..

“ကျွန်တော်တို့ Original Gangster-3 ကို ပိတ်လိုက်တဲ့အတွက် ဆင်ဆာလူကြီးတွေ တကယ် သနားသွားတယ်ထင်ပါတယ်။ ဆင်ဆာလောကမှာ အမြန်ဆုံး ဇာတ်ကားပဲ။ ကျွန်တော်တို့ကို ပါးပါးပဲဖြတ်တယ်။ ပြီးတော့ ဇာတ်လမ်းတင်တဲ့အချိန်မှာလည်း တခြားနိုင်ငံ ထဲမှာ မင်းတို့ ရမ်းရမ်းကားကားသွား လုပ်လို့မရဘူး။ အဲဒီလောက်ပဲ။ ဦးဇော်မင်းကလည်း သနားသွားတယ်ထင်ပါတယ်။ သမ္မတ ရုပ်ရှင်ရုံမှာ ရုံတင်ပြသခွင့်ပေးတယ်။ တခြားရုပ်ရှင်ရုံတွေ ရောပေါ့။ ဘာပဲပြောပြော သမ္မတရုပ်ရှင်ရုံမှာ ရုံတင်ပြသ ခွင့်ရလို့ ကျွန်တော် တကယ်ပျော်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here