တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းရဲ့ ပေါက်ဖော်စကောလားရှစ် အစီအစဉ်

0
200

တရုတ်နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဖောင်ဒေးရှင်းမြန်မာနိုင်ငံဆိုင်ရာ အဖွဲ့အစည်း၏ ၃ နှစ် ပြည့် နှစ်ပတ်လည်အခမ်းအနားကို စက်တင်ဘာ ၅ ရက် နံနက် ၉ နာရီ ခွဲက ရန်ကုန် တက္ကသိုလ်၊ စိန်ရတုခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။ တရုတ် နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ ချရေး ဖောင်ဒေးရှင်းကို ၁၉၈၉ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ဆင်းရဲနွမ်းပါးသော လူထုအား အရည်အသွေး ကောင်းမွန်သော ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအား ကူညီကယ်ဆယ်ရေးနဲ့ ပြန် လည် ထူထောင်ရေးကဏ္ဍများမှ စုစုပေါင်းလူဦး ရေ ၂ သန်းခန့်ကို ကူညီထောက်ပံ့ လျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့ အခုအခါတွင် အာဖရိကဒေသရှိ အီသီယိုးပီးယား၊ ဆူဒန်၊ ယူဂန်ဒါ၊ နမီးဘီးယားနိုင်ငံများတွင်လည်း ကောင်း၊ အာရှနိုင်ငံဒေသရှိ မြန်မာ၊ နီပေါနဲ့ ကမ္ဘောဒီးယားစသောနိုင်ငံပေါင်း ၇ နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကူညီမှု စီမံကိန်းများအား ရေရှည်စီမံကိန်းအဖြစ် လုပ်ဆောင်သွားမှာဖြစ်ကြောင်းသိရပါတယ်။

ထို့အပြင် ဖောင်ဒေးရှင်းအနေနဲ့ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၃ ခုမှ ကျောင်းသား ကျောင်းသူပေါင်း ၁၃ဝဝ ကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ အဆိုပါထောက်ပံ့မှုကိုတော့ ပေါက်ဖော်စကောလားရှစ်ပရောဂျက်လို့ ခေါ်ပါတယ်။ အဆိုပါ စကောလားရှစ်ပေးအပ် မှုသည် ကျောင်းသားကျောင်းသူများအနေနဲ့ ပညာသင်ယူရာတွင် ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုး မရှိဘဲ တက္ကသိုလ်ပညာရေးပန်းတိုင်ကို ချောမွေ့ စွာဆုံးခန်းတိုင်အောင် လျှောက်လှမ်းနိုင်စေလိုသော ရည်ရွယ်ချက်ဖြင့်ပေး အပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါစကောလားရှစ်ပရောဂျက်ကို စတင်အကောင်အထည် ဖော်နေသည်မှာ ၃ နှစ်တိုင်ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

P-038


LEAVE A REPLY

Please enter your comment!
Please enter your name here