အမြတ်အစွန်းကို အဓိကမထားဘဲ အနုပညာကို ချပြခွင့်ရဖို့အတွက်ပဲ လုပ်ဆောင်နေဆိုတဲ့သဘင်မင်းသား ချစ်စွမ်းသာ

0
269

အလှူအတန်းတွေ များစွာပြုလုပ်လေ့ရှိတဲ့ အနုပညာ ရှင်တွေထဲမှာ သဘင်မင်းသား ချစ်စွမ်းသာတစ်ယောက်လည်း အပါအဝင်ပါ။ သူဟာ မိဘမဲ့တစ်ယောက်ဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက ဘဝတူမိဘမဲ့တွေအပေါ် ကိုယ်ချင်းစာ စိတ်နဲ့ အမြဲတမ်းလှူဒါန်းထောက်ပံ့ဖြစ်ခဲ့ပါတယ်။ သူ့အနေနဲ့ မိဘမဲ့တွေအပေါ် မှာ ပိုမိုလှူဒါန်းနိုင်ဖို့အတွက်လည်း ရွှေ လာဘ်ငွေလာဘ်သဘင်ဆိုပြီး ကိုယ်ပိုင်ဇာတ်အဖွဲ့ကို တည် ထောင်ကာ ဇာတ်ကရင်းရရှိတဲ့ အနုပညာကြေးတွေကို စုပြီး လှူဒါန်းလျက်ရှိနေပါတယ်။

”ကျွန်တော် အမြဲတမ်းတော့ လှူဒါန်းနေပါတယ်။ တချို့အလှူတွေမှာ နာမည်မဖော်ဖြစ်တာတွေလည်း ရှိပါ တယ်။ ပွဲပြီးတိုင်းပွဲပြီးတိုင်းကို လှူဖြစ်တယ်။ ကျွန်တော့် အနေနဲ့ ၄၊ ၅ နှစ်လောက်ကတော့ စုရဆောင်းရဦးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီဘက်နှစ်ပိုင်းမှာက စီးပွားရေးတွေ က သိပ်ကောင်းတာ မဟုတ်ဘူးလေ။ ဇာတ်ကိုလည်း အဆင်ပြေအောင် လည်ပတ်အောင်လုပ်ရင်း ကြိုးစားရင်း ပိုက်ဆံရှာနေရတဲ့ အခြေအနေမျိုးတော့ ရှိပါတယ်”လို့ အလှူ အတန်းတွေနဲ့ပတ်သက်ပြီး ချစ်စွမ်းသာက ပြောပြပါတယ်။ လက်ရှိမှာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက သိပ်မကောင်းလှ တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း ပွဲတော်ကြီးတွေလုပ် ဖို့ တော်တော်စဉ်းစားနေရတဲ့အခြေအနေပါ။ ဒီလိုအခြေ အနေမှာ ဇာတ်အဖွဲ့တွေအနေနဲ့လည်း ပွဲကရဖို့အတွက် မနည်း ရုန်းကန်နေကြရပါတယ်။ ဒီလို ရုန်းကန်နေရမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း …

”အရင်တုန်းကဆိုရင် ပွဲတစ်ပွဲ ကပြမယ်ဆိုရင် ကိုယ် ကြိုက်တဲ့ဈေးတွေကို တောင်းလို့ရတယ်။ အခုတော့ သူတို့ လည်း ငှားရတာ အဆင်ပြေအောင် ကိုယ်လည်း ကပြလို့ အဆင်ပြေအောင် အမြတ်အစွန်းကို အဓိက မထားဘဲ အနု ပညာကိုပဲ ချပြခွင့်ရအောင်ပဲ ဦးစားပေးပြီး လည်ပတ်နေ ရတဲ့ အခြေအနေရှိပါတယ်” လို့ သူက ပြောပါတယ်။

ချစ်စွမ်းသာအနေနဲ့ ကိုယ်ပိုင် ဇာတ်ကို တည်ထောင် ခဲ့တာ ၂ နှစ် တာကာလထဲကို ရောက်ရှိလို့ လာခဲ့ပါပြီ။ ဒီ ၂ နှစ်တာ ကာလအတွင်းမှာလည်း ပရိသတ်တွေအတွက် အကအလှ ကဏ္ဍစုံအောင် ကြိုးစားတင်ဆက်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း ယခင်နှစ်တွေထက် အော်ပရာတွေပြဇာတ်တွေ ကို ပိုမို ကောင်းမွန်အောင်လုပ်ထားပြီး ကပွဲတွေမှာလည်း လူအင်အားတွေကို မနှစ်ကထက်ပိုပြီးအသုံးပြုထားတယ် လို့ ပြောပါတယ်။ သူက နှစ်ပါးသွားခွေ ထွက်ဖို့အတွက်ကိုလည်း စီစဉ်နေတယ်လို့ သိရပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here