ပရိသတ်အတွက် ဗဟုသုတစုံလင်တဲ့ဇာတ်ကားမျိုးပဲ ရိုက်ကူးပြချင်တယ်မင်းထက်

0
199

သရုပ်ဆောင်မင်းထက်ကတော့ လတ်တလောမှာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ပရိသတ်ဝေဖန်ခံနေရပေမယ့်လည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ဆိုသလို ပြုလုပ်သွားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ရုပ်ရှင်ဇာတ်ကား၊ ရုပ်သံ ဇာတ်လမ်းတွဲရိုက်ကူးမှု တွေအပြင် သီချင်းတွေထွက်ရှိဖို့ပါပြင်ဆင်နေတဲ့ မင်းထက်ကမင်းထက်က …

”ကျွန်တော် ကိုလင်းလင်းနဲ့အတူ အခွေတစ်ခွေထွက်ဖို့ လုပ်ထား တယ်။ အခွေအတွက် ပြင်ဆင်နေတာတွေလည်း တော်တော်ကြာပြီ။ သီချင်းခွေ ကလည်း သူများတွေ အွန်လိုင်းပေါ်မှာတင်တာလည်း တွေ့တယ်။ အခွေတွေ သိပ်မထုတ်တော့တာလည်း တွေ့တယ်။ ဘာပဲပြောပြော ပရိသတ်တွေ အတွက် သီချင်းအခွေထွက်နိုင်အောင်တော့ ကြိုးစားနေပါတယ်။ ဇာတ်ကားရိုက်ကူးမှု အပိုင်းနဲ့ ပတ်သက်ပြီးတော့ စိုးနန္ဒာကျော်နဲ့ပေါင်းပြီး တော့ ရုပ်ရှင်ဇာတ် ကားကြီးတစ်ကားပါဝင်ရိုက်ကူးဖို့ ပြင်ဆင်ထားပါတယ်။ ပြီးတော့ ဇာတ်လမ်းတွဲ တစ်ခုပါဝင်ရိုက်ကူးဖို့ စီစဉ်ထားတာရှိတယ်။ အရင်ပါဝင် ရိုက်ကူးခဲ့တဲ့ ‘အရာရာတိုင်းထက်’ ဇာတ်လမ်းတွဲက ကျွန်တော်ကိုယ်တိုင် ဇာတ်လမ်းရေးပြီးတော့မှ (အပိုင်း-၄ဝ)ရိုက်ကူးခဲ့တာပေါ့။ မြန်မာနိုင်ငံ မှာ အရှည်ဆုံးဇာတ်လမ်းတွဲအနေနဲ့ရိုက်ကူးခဲ့တယ်။ အခုလည်း ဂျိုကာဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတွဲ တစ်ခုကို ကျွန်တော်လုပ်နေပါ တယ်။ ပြီးတော့ အကုန်လုံးနဲ့ ညှိနှိုင်းနေတယ်။ မကြာခင်ပရိသတ် ရှေ့မှောက်ရောက်ရှိလာတော့မှာပါ။ ရုပ်ရှင်ဇာတ်ကားပါဝင်ရိုက်ကူးဖို့ကခေတ်ကလည်း ပြောင်းလဲ လာတယ်လေ။ ပရိသတ်ကလည်း ဒီဇာတ်လမ်း ဇာတ်အိမ်ခိုင်ခံ့ ပြီးတော့ သူများမရိုက်ကူးတဲ့ ပုံစံဇာတ် လမ်းဆန်းတာလေးတွေပေါ့။ အဓိကဇာတ်ကားတစ် ကားမှာ ပေးချင်တဲ့ အကြောင်းအရာ ရယ်၊ ဗဟုသုတ ဒါမျိုးပါတဲ့ ဇာတ်ပေါ့။ အဓိက ကျွန်တော် အဲဒီလိုမျိုး အနှစ်သာရရှိမယ့်ဟာကို ပြင်ဆင်ပါ တယ်။ လတ်တလောတော့ ကျွန်တော်ဆင်နဲ့ ပတ်သက် ပြီးတော့ ရိုက်ကူးချင်တာပါ။ ဆင်တောထဲမှာ ဆင်တွေအကြောင်း သဘာဝတွေ၊ ဆင်တွေရဲ့ ဗဟုသုတတွေကို ပြချင်တာတွေပါတယ်။ သည်းထိတ်ရင်ဖို အပစ်အခတ်လေးတွေ လည်းပါတယ်။ အကုန် လုံးစုံလင် အောင် ထည့်ပေးတဲ့အတွက် ပရိသတ်တွေအတွက် ရသအစုံ အလင်ရမယ့် ဇာတ်ကား မျိုးဖြစ်အောင်ဖန်တီးနေပါတယ်” လို့ပြောပြခဲ့ပါ တယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here