အိန္ဒြာကျော်ဇင်နဲ့ မိုးဟေကိုတို့ လာရောက်အားပေးနားဆင်ခဲ့တဲ့အဆိုတော်မဉ္ဇူရီရဲ့ သီချင်းမိတ်ဆက်ပွဲ

0
450

အဆိုတော် ဇော်ဝင်းထွဋ် သီဆို ခဲ့တဲ့ ‘ဘာလိုလို’ သီချင်းကို Version အသစ်ဖြင့် ပြန်လည်သီဆို ပြီး အမေရိကမှာ MTV ရိုက်ကူးခဲ့တဲ့ အဆိုတော် မဉ္ဇူရီက ရန်ကုန် မြို့ ၉ မိုင်ရှိ ONYX စားသောက် ဆိုင်မှာ စက်တင်ဘာလ ၈ ရက်နေ့ က မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပါ တယ်။ အဆိုပါပွဲမှာ အနုပညာရှင် များဖြစ် ကြတဲ့ အိâန္ဒာကျော်ဇင်၊ မိုးဟေကို၊ ဖြိုးပြည့်စုံ၊ ညီမင်းခိုင်၊ ဂျူဝယ်တို့က တက်ရောက်ဂုဏ်ပြုပေးခဲ့ကြပါ တယ်။ အဆိုပါပွဲ ကျင်းပပြုလုပ် ဖြစ်ပုံနဲ့ ပတ်သက်ပြီးအဆိုတော် မဉ္ဇူရီက…

”အရင်က ဦးညီထွဋ်သီဆိုတဲ့ ဘာလို လိုဆိုတဲ့ သီချင်းလေးကို တေးရေး ဆောင်းဦးလှိုင်ဆီက အစ်မ ဝယ်ပြီး အမေရိကမှာ MTV ပြန်ရိုက် ကူးခဲ့တယ်။ အစ်မက ငယ်ငယ်လေး ကတည်းက ဦးညီထွဋ်ရဲ့ Crazy ပေါ့။ ဦးညီထွဋ်သီချင်းလေးတွေ အမြဲလိုလို ဆိုဖြစ်တယ်။ ဒီ ဘာလိုလို ဆိုတဲ့ သီချင်းလေးက ပေါ့ပေါ့ပါးပါး လည်း ရှိတယ်။ အစ်မတို့ အသက် အရွယ်နဲ့လည်း လိုက်မယ်ထင်လို့ ပြန် လည်သီဆိုဖြစ်တာပါ။ ဒီသီချင်းလေး ထဲမှာ MTV ကို မင်းသားမပါဘဲနဲ့ အစ်မတစ်ယောက်တည်းကို မင်းသား ပါချင် ယောင်ဆောင်ပြီးတော့ ရိုက် ထားတယ်။ အစ်မရဲ့ လုပ်ငန်းပိုင်း အရရော။ အသက်အရွယ်ပိုင်းအရ ရော၊ မိသားစုအခြေအနေလေးတွေ ကြောင့် လူငယ်တွေလိုတော့ အစ်မ သီချင်းတွေ အများကြီးမဆိုဖြစ်ပါ ဘူး။ တစ်နှစ်ကို အနည်းဆုံး ၂ ပုဒ် တော့ ဆိုပါမယ်။ အားပေးကြပါဦး” လို့လည်း ပြောပြခဲ့ပါတယ်။ အဆို တော် မဉ္ဇူရီသီဆိုထားတဲ့ ‘ဘာလိုလို’ သီချင်းကို Myanmar Music Store မှာ Download ရယူနားဆင် နိုင်ပြီဖြစ်ပါတယ်။


အဲဒီပွဲမှာပဲ တေးရေးညီမင်း ခိုင်ရေးစပ်ထားတဲ့ ‘ကင်ဆာ’သီချင်း ကိုပါ ညီမင်းခိုင်နဲ့အတူ သီဆိုဖျော်ဖြေ ခဲ့ရာ ပရိသတ်အားပေးမှု ရခဲ့တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။ အဆိုတော် မဉ္စူရီငယ်စဉ်က မြတ်ရွှေရည်မောင် အမည်ဖြင့် အနုပညာလှုပ်ရှား ခဲ့မှုများအကြောင်း ပေါ်ပြူလာနှင့် သီးခြား ရုပ်သံအင်တာဗျူးဖြေဆိုမှုကို Popular Journal Facebook ၏ Video မှာ ရှာဖွေကြည့်ရှုနားဆင် နိုင်ပါတယ်။

ခိုင်ဝါဝင်း

၊ ဓာတ်ပုံ-ဘုန်းမြင့်ငြိမ်းချမ်း


LEAVE A REPLY

Please enter your comment!
Please enter your name here