ဘောလုံးကန်ပြီး ရန်ပုံငွေ ရှာဖွေကြတဲ့ လူရွှင်တော်အသင်း (ရန်ကုန်)

0
301

လူရွှင်တော်အသင်း ရန်ကုန်မှ ကြီးမှူးကျင်းပသည့် သက်ကြီးလူရွှင်တော် ကြီးများအား ကူညီထောက်ပံ့ရေးရန်ပုံငွေဘောလုံးပွဲကို စက်တင်ဘာ ၁၅ ရက်နေ့ နေ့လယ် ၃ နာရီက ရန်ကုန်မြို့ အောင်ဆန်းကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါပွဲမှာတော့ ဘေဘီစတား FC ဘောလုံးအသင်းတွင် ဘေဘီမောင်၊ ဖြူဖြူထွေး၊ ပန်းသော်တာ၊ ချမ်းမြေ့မြတ်နိုး၊ ဟေမန်မန်းဝင်း၊ နေခြည်ငြိမ်းချမ်း၊ ခက်ဝေမိုး၊ လမင်းကဗျာ၊ ဇွဲရတီနဲ့ အနုပညာရှင်များစွာက ပါဝင်ဖွဲ့စည်းထားပြီး လူရွှင်တော် FC အသင်းမှာတော့ မိုးဒီ၊ ဇာဂနာ၊ အရိုင်း၊ မေတ္တာ၊ ဧရာ၊ ကျော်ထူး၊ ဗေလုဝ၊ ကင်းကောင်၊ မိုးကျော်၊ ကောင်းစံ၊ ငြိမ်းချမ်း၊ ထက်ထက်၊ ဝိုင်းချစ်၊ ကောင်းကျော်၊ ဒိန်းဒေါင်၊ သီးလေးသီးအဖွဲ့၊ ဖိုက်စတားအဖွဲ့၊ ဟား ငါးကောင်အဖွဲ့၊ ဟားတစ်သိုက်နဲ့ ဟာသလူရွှင်တော်များစွာ ပါဝင်ဖွဲ့စည်းထား ပါတယ်။

ရန်ပုံငွေ ဘောလုံးပွဲကိုတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ပြီး အလှူငွေလည်း လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် အနုပညာရှင် များကလည်း အလှူငွေများကို ထည့်ဝင် လှူဒါန်းခဲ့ကြပါတယ်။ သက်ကြီးလူရွှင်တော်ပူဇော်ကန်တော့ပွဲကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ပြုလုပ်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

လင်းအက္ခရာ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here