အချစ်ရေးကို မစဉ်းစားသေးပါဘူးအဆိုတော်ပန်းရောင်ခြယ်

0
176

ဆယ်ကျော်သက်အရွယ် အဆိုတော်မလေးအဖြစ် လူငယ်ပရိသတ်ရဲ့ အားပေးမှုကို အပြည့်အဝရရှိထားသူကတော့ ပန်းရောင်ခြယ်ပါ။ သူကတော့ ဖခင်ဖြစ်တဲ့အဆိုတော်ဂရေဟမ်နဲ့အတူ Wake Up Daddy! တေးစီးရီး တစ်ခွေထွက်ရှိခဲ့ပြီး လက်ရှိမှာ တစ်ကိုယ်တော်တေးစီးရီးထွက်ရှိဖို့လည်း ပြင်ဆင်နေပြီဖြစ်ပါတယ်။ သူ့ရဲ့ပထဆုံးတစ်ကိုယ်တော်တေးစီးရီးနဲ့ ပတ်သက် ပြီး …

”ပန်းရောင်ရဲ့ တစ်ကိုယ်တော် အခွေကို တစ်လနှစ်လအတွင်း ထွက် နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းကတော့ အားလုံး ၁ဝ ပုဒ် လောက်ပါမယ်။ တေးရေးဆရာတွေကတော့ ကိုအောင်ကိုမြင့်၊ ကိုယံ၊ ကို ဝေကြီးတို့ပါတယ်။ ပြီးတော့ ပန်းရောင်နဲ့ ဖေဖေရေးထားတဲ့ သီချင်း တွေလည်းပါတယ်။ ပန်းရောင်ဆိုနေကျ Pop သီချင်းလေး တွေ လည်း ပါတယ်။Wake Up Daddy! အခွေမှာ မဆိုဖူးလိုက်တဲ့ Electronic Music လေးတွေလည်းပါ မယ်။ ပြီး တော့ Performance ကောင်းကောင်းလေး တွေလုပ်လို့ရမယ့် သီချင်းတွေ လည်းပါမယ်။ သီချင်း ကတော့ ဖေဖေနဲ့ အတူ ရေးထားတဲ့ သီ ချင်းနှစ်ပုဒ် လောက်ပါမယ်။ အခု တော့ Audio အနေနဲ့ပဲ ထွက်မှာပေါ့။ MTV ကတော့ တစ်ပုဒ်ချင်းစီပဲ Online မှာ တင်ပေးသွားဖို့စဉ်းစားထား ပါတယ်။ သီချင်းတွေကို ပြီးအောင်အရင် ကြိုးစားနေတဲ့အတွက် တေးစီးရီးနာမည် မစဉ်းစားရသေးပါဘူး” လို့ ပန်းရောင်ခြယ်က ပြောပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီးဆက် လက် မေးမြန်းကြည့်တော့ …

”ပန်းရောင်ရဲ့ အချစ်ရေးကတော့ ဘာမှထွေထွေထူးထူးမရှိသေးပါဘူး။ ဘယ်အချိန် ဘယ်တော့ဆိုပြီးတော့ စဉ်းစားထားတာ မရှိပါဘူး။ မစဉ်း စားသေးပါဘူး။ အခုလက်ရှိ က တော့ပန်းရောင်သီချင်းတွေ ဆိုနေရတာကိုကြိုက်တယ်။ အလုပ်လုပ်ရတာကိုကြိုက် တယ်။ အချိန်တွေကို မိသားစု နဲ့အတူ ဖြတ်သန်းရတာကို လည်းတအား ပျော်တယ်” လို့ ပန်းရောင် ခြယ်က ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here