အဆိုတော်တစ်ဦးနဲ့ နာမည်ချင်းတူနေတာကြောင့် ကွဲပြားမှု ဖြစ်သွားအောင်နာမည်နောက်မှာ တစ်ခုခု ထည့်သွားဖို့ စဉ်းစားထားတဲ့ဖိုးပြည့်

0
247

FM တစ်ခုမှာ အစီအစဉ် ကြေ ညာသူအဖြစ် လုပ်ဆောင်နေတဲ့ ဖိုး ပြည့်က မင်းသားကြီးလို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော်စီးရီးခွေကို ထွက်ရှိခဲ့ပါတယ်။ သူ့ရဲ့ ဖိုးပြည့်ဆိုတဲ့ နာမည် က ‘ကိုယ်စောင့်နတ်’သီချင်း သီဆိုတဲ့ အဆိုတော်ဖိုးပြည့်နဲ့ နာမည်ချင်းတူနေတဲ့အတွက် ပရိသတ်တွေ အနေနဲ့လည်း ဝေဝါးမှုဖြစ်ခဲ့ရပါတယ်။ဒါကြောင့်လည်း ဖိုးပြည့်ကပရိသတ်တွေ အနေနဲ့ ရှင်းရှင်းလင်းလင်းဖြစ်သွား ရအောင်သူ့ရဲ့ဖိုးပြည့်နာမည်နောက်မှာ တစ် ခုခုထည့်သွားဖို့ကိုစဉ်းစားထား တယ်လို့လည်းသိရပါတယ်။

”ကိုဖိုးပြည့်ကလည်း ပြောပါတယ်။ ကျွန်တော်တို့ နှစ်ယောက် ရေ ရှည်မှာ ကွဲကွဲပြားပြားဖြစ်အောင် လုပ်သင့်တယ်ပေါ့။ ကျွန်တော်လည်း သူ့ရဲ့ အကြံပေးချက်ကို အပြည့်အဝ လက်ခံပါတယ်။ ကျွန်တော်လည်း အခုစဉ်းစားနေပါတယ်။ ကျွန်တော့်ရဲ့ဆရာတွေနဲ့ လည်း သေချာ တိုင်ပင်ပြီးတော့ ဖိုးပြည့်ဆိုတဲ့နာမည်နဲ့ပတ်သက်ပြီး ကွဲကွဲပြားပြားဖြစ် သွားအောင်လုပ်ဖို့အတွက်ပေါ့။ နာမည်ကို အစအဆုံးပြောင်းတာမျိုး မဟုတ်ဘဲနဲ့ ဖိုးပြည့်ဆိုတဲ့နာမည်နောက်ကနေတစ်ခုခုထပ်ထည့်တာ မျိုးလုပ်မလားလို့ သူကအိုင်ဒီယာပေးတယ်။အခုလောလော ဆယ်မှာ တော့ အထင် အမြင်လွဲမှားနေကြတဲ့ ပရိသတ်တစ်ဦး တစ်ယောက်ချင်းစီ ကို လိုက်ရှင်းပြဖို့ ကျွန်တော့်အတွက်အဆင်မပြေပါဘူး။ကျွန်တော်တို့က နာမည်တူပေမယ့်သွားမယ့်လမ်းချင်းကတော့ ကွဲပါ တယ်။ သူကတော့ Rock တွေကိုအားသန်တယ်။ ကျွန်တော်ကတော့ Pop တွေကိုပဲ ဆိုသွားမှာပါ။ ဒါပေမဲ့ သေသေချာချာလေး ကွဲကွဲပြားပြား ဖြစ်သွားအောင်လို့တော့ ကျွန်တော့် နာမည်နောက်မှာ တစ်ခုခုထပ်ထည့် ဖို့အတွက် စဉ်းစားနေပါတယ်” လို့ နာမည်နဲ့ပတ်သက်လို့ ဖိုးပြည့် (မင်းသားကြီး)က ရှင်းပြပါတယ်။

ဖိုးပြည့်ရဲ့ ‘မင်းသားကြီး’စီးရီးခွေမှာတော့ သီချင်းအားလုံး ၁၂ ပုဒ် ပါဝင်ပြီး သီချင်းအသစ် တွေနဲ့အဟောင်းတွေကို မျှပြီးထည့်ထားပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here