ရုံတင်ပြသမှုစနစ် မှားယွင်းသွားရင် ရုပ်ရှင်လောက ပျက်စီးသွားနိုင်တယ်မြန်မာနိုင်ငံရုပရှင်အစည်းအရုံးဥက္ကဋ္ဌဦးဇင်ဝိုင်း

0
209


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းကတော့ လက်ရှိမှာ ဒါရိုက်တာစတီး(ဒွေးမေတ္တာ)ရိုက်ကူးတဲ့ ‘တိုင်စာ’ ရုပ်ရှင်ဇာတ်ကားမှာ ပါ ဝင်သရုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်တဲ့ ဦးဇင်ဝိုင်းကိုရှပ်ရှင်ဇာတ်ကားများ ရုံတင်ပြသရေးစနစ်နဲ့ပတ် သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

”ရုံကိစ္စဆိုရင်လေးငါးယောက်၊ တစ်အုပ်စုနှစ်အုပ်စုကိုပဲကြည့်လို့မရပါ ဘူး။ တစ်အုပ်စုနှစ်အုပ်စုဆိုပြီးခွဲခြားပြီး ကြည့်လို့မရပါဘူး။ ကျွန်တော်တို့ လက်ထဲမှာ အခုကိုင်ထားတာ ထုတ်လုပ်သူ ၉၉ ဦးရဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၄၁ ကား ရုံတင်ပေးဖို့တာဝန်ရှိနေပါသေးတယ်။ ဒါတောင်မှ ၂၆.၇.၂ဝ၁၈ အထိ ဆင်ဆာကျထားတဲ့ဇာတ်ကားတွေပါ။ အဲဒါကိုစဉ်းစားတဲ့အခါမှာ ထုတ်လုပ်သူ အား လုံးရဲ့ အကျိုးစီပွားမျှတစွာရအောင် စဉ်းစား ရပါတယ်။ မျှတစွာရအောင်ဆိုတာက ဒီဘက် လူ ၅ဝ ရသလို ဟိုဘက်ကလူ ၅ဝ ရအောင် ညီမျှခြင်းအတိုင်း လုပ်ပေးလို့မရပါဘူး။ သို့သော် လုပ်ပေးနိုင်တဲ့အတိုင်းအတာ အတွင်းမှာ ညီမျှမှုရှိအောင်လုပ်ပေးရပါတယ်။ နောက်တစ်ခုက ဒီရုံတင်စနစ်ဆိုတာက ရုံရှင်နဲ့ထုတ်လုပ်သူတွေရဲ့ နှစ်ဦး နှစ်ဖက်အကျိုးစီးပွားလို့ ထင်စ ရာရှိပါတယ်။ မဟုတ်ပါဘူး။ ပြသရေးစနစ်မှန်ခြင်းမှား ခြင်းအပေါ်မှာမူတည်ပြီး တော့ ကျွန်တော်တို့ရုပ်ရှင် လောကရှေ့ရေးနဲ့ပါ သက် ဆိုင်နေပါတယ်။ ပြသမှု စနစ်မှားသွားရင် ရုပ်ရှင် လောကပျက်စီးသွားနိုင် တယ်။ မှန်ကန်တဲ့ ပြသ ရေးစနစ်ဖြစ်ရင်ရုပ်ရှင် လောကတိုးတက်လာ နိုင်တယ်”လို့ ရုံတင်စနစ်နဲ့ ပတ်သက်ပြီး ဦးဇင်ဝိုင်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here