ဈေးသည်ဇာတ်ရုပ်အတွက်ခိုင်သင်းကြည် ရဲ့ပြင်ဆင်မှုအကြောင်း

0
409


မခိုင်လေးရယ်လို့ ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ သရုပ်ဆောင်ခိုင်သင်းကြည်ကတော့ သွက် လက်ထက်မြက်မှုတွေနဲ့ နုပျိုမြဲနုပျိုဆဲပါ။ အောင်မြင်မှုနဲ့ ပရိသတ်ချစ်ခင်အားပေးမှုကို ဒီနေ့ ထိတိုင် ပိုင်ဆိုင်ထားတဲ့မခိုင်လေးက လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားများမှာ ဆက်တိုက် ဆိုသလို ပါဝင်ရိုက်ကူးနေဆဲပါပဲ။ လက်ရှိမှာတော့ ဒါရိုက်တာကိုဇော် (အရုဏ်ဦး) ရိုက်ကူးတဲ့ ‘ဆယ့်နှစ်ပွဲဈေးသည်’ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားမှာ သူ့ရဲ့ပါဝင်သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး …

”မခိုင်ကတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆယ့်နှစ်ပွဲဈေးသည်ဆိုတဲ့အတိုင်းပဲ ဈေးသည်ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ သနပ်ခါးတုံးရောင်းရတဲ့ ဈေးသည် မလေးပေါ့။ ဈေးသည်ကာရိုက်တာကတော့ မခိုင်လေးနဲ့ မစိမ်းပါဘူး။ အဲဒီလိုကာ ရိုက်တာလေးတွေလုပ်ရတာလည်း ပျော်ပါတယ်။ ဈေးရောင်းရတာ ပျော်စရာကြီး လေ။ ကိုယ်ကလည်းဈေးဝယ်ရတာဝါသနာပါတယ်။ အသားငါးတွေ၊ အသီး အရွက်တွေရောင်းတဲ့ ဈေးသည် ပုံစံမျိုးလေးလည်း သရုပ်ဆောင်ဖူးတယ်။ ခုတော့ သနပ်ခါးတုံးရောင်းရမှာ ပေါ့နော်။ ဒီဇာတ်ကားက ဟာသလေးတွေပါတယ်။ ”လို့ ပြောပါတယ်။ဒီရုပ်ရှင်ဇာတ်ကားကတော့ ဘုရားပွဲဈေးကို အခြေခံပြီး ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်ပါတယ်။ ကိုယ်တိုင်ကော ဘုရားပွဲဈေးနဲ့ပတ် သက်ပြီး အတွေ့အကြုံတွေရှိခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာ”မခိုင်လေးကတော့ ဘုရားပွဲ ဈေးတွေဘာတွေ အများကြီးတော့မသွားဖူးပါဘူး။ ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ရုပ်ရှင်ရိုက်ကူးရင်းနဲ့ ပုဂံဘုရားပွဲဈေးကို မအေးသီတာတို့အဖွဲ့နဲ့ သွားဖူး တယ်။ သွားပြီးတော့ လည်ပတ်ကြတာပေါ့။ တအားပျော်စရာကောင်းပါတယ်”လို့လည်း ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here