အသက် ၃၃ နှစ်ပြည့်တဲ့ ကျော်ထက်အောင် ရဲ့ အချစ်ရေး

0
205

ပရိသတ်တွေ အများအပြား ကြိုက်နှစ်သက်ကြတဲ့၊ မြန်မာအိုင် ဒေါရဲံ့Host တစ်ဦးလည်း ဖြစ်ပြီး သရုပ်ဆောင်တစ်ယောက်လည်းဖြစ် တဲ့ ကျော်ထက်အောင်ကတော့ စက် တင်ဘာလ ၁၄ ရက်နေ့မှာ အသက် ၃၃ နှစ်ပြည့်ခဲ့ပါပြီ။ မွေးနေ့မှာ ဘယ် သူတွေနဲ့ ဖြတ်သန်းဖြစ်မလဲ။ မွေးနေ့နဲ့ပတ်သက်ပြီး ပြောချင်တဲ့ စကားတွေရှိမလားလို့ မေးကြည့်တဲ့ အခါမှာတော့ ကျော်ထက်အောင် က …

”ကျွန်တော်ဒီနေ့မွေးနေ့က တော့ အသက် ၃၃ နှစ်ပြည့်မွေးနေ့ ပါ။ မွေးနေ့မှာ မှတ်မှတ်ရရဖြစ်တာ ကတော့ ကျွန်တော်ပါဝင်သရုပ် ဆောင်ထားတဲ့ ချူဆီရုပ်ရှင်ဇာတ် ကားကြီးကလည်း ဒီနေ့မှာပဲ တစ်နိုင် ငံလုံးမှာရှိတဲ့ ရုံတွေမှာ တင်နေပြီဆို တော့ အမှတ်တရတွေ အများကြီး ဖြစ်သွားတာပေါ့။ ဒီနေ့ ချူဆီရုပ်ရှင် ဇာတ်ကားကြီး စရုံတင်တဲ့နေ့မှာ ပရိ သတ်တွေကို ရုပ်ရှင်ရုံတွေမှာ ပရိသတ်တွေအတွက် လက်မှတ်ရေး ထိုးပွဲလုပ်ခဲ့တယ်။ အဲဒီလို အမှတ် တရတွေနဲ့ပြည့်နေတဲ့ မွေးနေ့ ဖြစ်သွားတာပေါ့။ ပြီးတော့ ဘဝမှတ် တိုင်တစ်ခုလည်း ဖြစ်တာပေါ့။ အ သက် ၆ဝ လောက်ရောက်ရင် ဘယ် နှခုနှစ်လောက်က မွေးနေ့မှာ ကိုယ့် ဇာတ်ကားလေး ရုံတင်ခဲ့တယ်ဆိုပြီး တော့ ပြောစရာလေးရှိတာပေါ့။ အဲဒီ အတွက်လည်း ဝမ်းသာမိပါတယ်”လို့ ပြောပါတယ်။

အသက် ၃၃ နှစ်ရောက်လာပြီ ဆိုတော့ ကိုယ့်ရဲ့ အနုပညာလည်း အောင်မြင်မှုတစ်ခုရနေတဲ့အချိန်မှာ ကိုယ့်အတွက်ကော ဖူးစာရှင်ကောင် မလေးတွေ့နေပြီလား။ ကိုယ်ထား မယ့်ချစ်သူကိုကော ဘယ်လိုစံနှုန်း တွေ သတ်မှတ်ထားလဲလို့ မေးကြည့် တဲ့အခါမှာတော့ ”ချစ်တာလည်း ချစ် ခဲ့ဖူးကြတာပဲ။ ချစ်သူဆိုတာလည်း ရာမချီရင်တောင်မှ ဆယ်ချီရှိခဲ့ကြ တာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒီ အရွယ်မှ အမြီးမပေါက် ဘာမျောက် လဲပေါ့နော်။ ဒါပေမဲ့ ဒီအရွယ်မှကျ လို့ ရှိရင် ယူဖို့ အပိုင်းအခြားကို ပြန် စဉ်းစားရတော့မယ်လေ။ ကိုယ့်ရဲ့ ချစ်သူရရင်တော့ အစ်ကို့မှာ စံနှုန်း တွေ ရှိတာပေါ့။ ဒါပေမဲ့ ဘယ်သူနဲ့ ညားမယ်ဆိုတာ မသိသေးဘူး။ ကိုယ့် ကံကြမ္မာက ဘယ်လိုဖြစ်မယ်ဆိုတာ မသိသေးပါဘူး”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here