ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ရင်းဘဝကို ကုန်ဆုံးချင်သူ အသက် ၃၇ နှစ်ပြည့် နေတိုး

0
236

စက်တင်ဘာ ၉ ရက်နေ့က သရုပ်ဆောင်နေတိုးရဲ့ ၃၇နှစ်ပြည့်တဲ့ မွေးနေ့ပဲဖြစ်ပါတယ်။ နေတိုးက ဒီနှစ်မှာလည်း သူ့ကို အမာခံအားပေးနေတဲ့ We Love Nay Toe အဖွဲ့မှ ပရိသတ်တွေနဲ့ အတူ ပြင်ဦးလွင်မြို့ရှိ သင်္ဂတုံရေ မောင်းကုန်းမိဘမဲ့ပရဟိတကျောင်းမှာ စက်တင်ဘာ ၉ ရက်နေ့က သံ ဃာတော်များအား ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပြီး ထိုကျောင်းမှာရှိတဲ့ ကလေး ၁၇ဝ ဦးအတွက် တစ်နေ့စာ၊ ဆန်အိတ် ၁ဝ အိတ်၊ မုန့်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

အနုပညာနဲ့ ပတ်သက်ရင် လောဘ လည်း ကြီးတယ်ဆိုရ မယ့်နေတိုးကသူ့ရဲ့ ဇာတ်ကား တွေကို ကြည့်ပြီးအားရ ကျေနပ်မှုသိပ်မရှိသေး ကြောင်းကိုတော့ …

”ကျွန်တော်တို့ နိုင်ငံအနေအထား နဲ့အနုပညာအဆင့်အတန်းအနေ အထားနဲ့ ပြောရရင်ရုပ်ရှင်ကမျှော်မှန်းထားတဲ့ နေရာလောက်ထိ ကိုရောက်မလာ သေးဘူး။ နိုင်ငံတကာကိုရင်ပေါင် တန်းနိုင် ဖို့နေနေသာသာ၊ ရှိတဲ့ ရုပ်ရှင်ရုံတွေမှာတောင်မှ ရုံတင်ခွင့်ရဖို့အတွက် အများကြီး ကြိုး စားနေရ တဲ့အနေအထားပါ။ လက်ရှိအနေအထားမှာ ကိုယ့်ရဲ့ ရုပ်ရှင်ကိုကိုယ်ပြန် ကြည့်ပြီး အားရကျေနပ် နိုင် တဲ့အနေ အထား မဖြစ်သေးပါဘူး။ အဲဒါကြောင့် မို့လို့တအားအရေးကြီးတဲ့ လိုအပ် ချက်တွေရှိနေသေးတဲ့ ရုပ်ရှင်ကို အများ ကြီး ပံ့ပိုးချင်တဲ့ စိတ်တွေဖြစ် နေ တယ်။ ကိုယ်ကြီးပြင်းလာတဲ့ ကိုယ်ဖြတ်သန်းလာတဲ့ ရုပ်ရှင်လောက ကို ကိုယ်တွေ ကို ပရိသတ်လက်ခံနေတဲ့ အခုလို အချိန်အခါမျိုးတွေမှာ နိုင်ငံတကာနဲ့ ရင်ပေါင် မတန်း နိုင်ခဲ့ ဘူးဆိုရင် ကိုယ် တာဝန် မကျေရာကျတယ်။ ဘဝဆို တာတိုတိုလေးပါ။ ဘဝ ရဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ကြားမှာ စိတ်ချမ်းသာမှုက အရေးကြီးဆုံးပါပဲ။ ကိုယ့်ရဲ့ဘဝကို ကျေနပ်ဖို့ အတွက် ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို လုပ် နေဖို့ပါပဲ။ကိုယ့်ရဲ့အလုပ် အပေါ်ပံ့ပိုးချင်တဲ့ စိတ် ခံစားချက်တွေနဲ့ နိုင်သ လောက်ပံ့ပိုးရင်းပဲ ဘဝ ကိုကုန်ဆုံးသွား ချင်တယ်”လို့ နေတိုးက ဆိုပါတယ်။

ခိုင်ဝေလွင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here