ပြေတီဦးက သူ့ရဲ့ဆရာပါလို့ဆိုလိုက်တဲ့သရုပ်ဆောင်စိုးသီဟ

0
285

လှမျိုးသဉ္ဇာနွယ် ရဲ့ မောင် ဖြစ်တဲ့သရုပ်ဆောင် စိုးသီဟကတော့ အနုပညာလောက ကို ခြေလှမ်း သွက်သွက်နဲ့ ဝင်ရောက် လာပြီဖြစ်ပါ တယ်။ သူကတော့ လတ် တလောမှာ ခန့်စည်သူ၊ လှမျိုးသဉ္ဇာ နွယ်၊ ပိုင်ဖြိုး သုစတဲ့ သရုပ်ဆောင်တွေ နဲ့အတူ ‘နှမပေး ယောက် ဖ’ဟာသ ဇာတ်ကား ကိုရိုက်ကူးခဲ့ ပြီးဒါရိုက် တာ ပန်းချီစိုးမိုး ရိုက်ကူးတဲ့ ‘ကမ္မဖလ’ ရုပ်ရှင်ဇာတ် ကားမှာလည်း ပြေတီဦး၊ စိုးပြည့် သဇင်၊ အေးမြတ်သူ စတဲ့သရုပ်ဆောင်တွေနဲ့အတူ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ သူအဓိက သရုပ်ဆောင်နေရာကနေ ပါဝင်တဲ့ ဇာတ်ကားကတော့…

”’ကမ္မဖလ’ ရုပ်ရှင်ဇာတ်ကား မှာ ကျွန်တော်က အဓိကဇာတ် ကောင်ထဲမှာပါတဲ့ ဇာတ်ကောင်တစ် နေရာက ပါဝင်သရုပ်ဆောင်ထား ပါတယ်။ ကာရိုက်တာပိုင်းကတော့ ဆွေစဉ်မျိုးဆက် ချမ်းသာလာတဲ့ သူ ဌေးရဲ့မြေးကာရိုက်တာပေါ့။ ကိုပြေ တီဦးနဲ့ ကျွန်တော်နဲ့က ညီအစ်ကိုတစ် ဝမ်းကွဲပေါ့။ ကိုပြေတီဦးနဲ့ အပြိုင် သရုပ်ဆောင်ရပါတယ်။ ကိုယ်လုပ် ရတဲ့ ဇာတ်ကောင်နေရာကတော့ တော်တော်ကောင်းပါတယ်။ ကိုပြေ တီဦးဆိုရင်လည်း ကျွန်တော့်ရဲ့ဆရာ ပါပဲ။ အများကြီးလည်း သင်ပေးပါ တယ်။ စီနီယာသရုပ်ဆောင် တွေနဲ့ အတူ ပါဝင်သရုပ်ဆောင်ရတဲ့ အတွက်လည်း ပညာတွေအများကြီး ရခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကား တွေ ဆက်တိုက်ရိုက်ကူးသွားမှာဖြစ် ကြောင်း ပြောပြခဲ့ပါတယ်။

လက်ရှိ ကြိုးစားနေဆဲကာလမှာ ကိုယ့်ရဲ့ကြိုးစားမှုရလဒ်တွေက ကျေ နပ်စရာ ကောင်းနေပြီလားလို့ ဆက် လက်မေးမြန်းခဲ့ရာ …

”ပရိသတ်နဲ့ တစ်ထပ်တည်း ကျ ဖို့တော့ အများကြီးအားထုတ်ရပါ တယ်။ လောလောဆယ်တော့ ကြိုး စားနေဆဲပါပဲ။ ဒီထက်လည်း အများ ကြီး ကြိုးစားရဦးမှာပါ”လို့လည်း သရုပ်ဆောင် စိုးသီဟက ပြောပြခဲ့ပါ တယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here