သားသမီးတွေကြောင့်ပရဟိတတွေလုပ်ဖြစ်နေတာပါ ဆိုတဲ့ ထူးအယ်လင်း

0
180

ထူးအယ်လင်းဆိုတာက ပွင့်ပွင့် လင်းလင်းသမားကြီးလေ။ မြူးဇစ် ကိုကလည်း ရော့ခ်မြူးဇစ်ကို သီဆို သူ။ တကယ်တော့ ထူးအယ်လင်းဟာ အတွင်းစိတ်ဖြောင့်ပြီး ဖြူစင်သူကြီး ပါ။ သားငယ်လေးမွေးဖွားထားတဲ့ သူ့ကို သူ့အိမ်ထောင်ရေးအကြောင်း မေးဖြစ်တော့ ပွင့်ပွင့်လင်းလင်းပြော ပြပါတယ်။

”ပထမက မီးမီးခဲနဲ့မွေးဖွားတဲ့ ဖြူဖြူစင်စင်လင်းဆိုတဲ့ သမီးအကြီး တစ်ယောက်ရှိတယ်။ သူက အခုလာ မယ့် ၁ဝလပိုင်း ၂၂ရက်နေ့ဆိုရင် ၉နှစ်ပြည့်ပြီ။ အဲဒါသမီးကြီးပေါ့။ ပြီး တော့ ကျွန်တော် အိမ်ထောင်ပျက် သွားပြီးနောက် ၅ နှစ်အကြာမှာ ကျွန်တော် အိမ်ထောင်ထပ်ပြုပါ တယ်။ ချင်းအမျိုးသမီး နူးနူးမန်ပေါ့။ သူနဲ့ အိမ်ထောင်ပြုတယ်။ သူက လည်း ချင်းပြည်နယ်မှာ အဆိုတော် ပဲ။ မော်ဒယ်လ်ပဲ။ သူတို့ပြည်နယ်ရဲ့ နာမည်ကြီးပေါ့ဗျာ။ ထားပါတော့။ သူ့အဖေ၊ ကျွန်တော့်ယောက္ခထီးဆို ရင်လည်း တကယ့်နာမည်ကြီးပုဂ္ဂိုလ် ပါပဲ။ သူနဲ့အိမ်ထောင်ကျပြီး ၂နှစ် အကြာမှာ ပထမသားကြီးမွေးတော့ မြူးဇစ်လင်းလို့ နာမည်ပေးလိုက် တယ်။ ကိုယ်ကိုယ်တိုင်ကလည်း မြူး ဇစ်ကို ဝမ်းတွင်းရူးလေ။ မြူးဇစ်ပဲသိ တယ်။ ကိုယ့်သားကြီးမွေးဖွားလာ တော့ မြူးဇစ်လင်းဆိုပြီး ကျွန်တော် နာမည်ပေးလိုက်တယ်။ နောက်ထပ် ဒုတိယသားငယ်ကိုကျတော့ မင်းဇင် လင်းဆိုပြီး နာမည်ပေးလိုက်တယ်။ သားငယ်က တစ်လတောင်မပြည့် သေးဘူး။ သားတွေကတော့ မဆိုး ဘူး။ ဇပြင်းတယ်။ ဝူးဝါးတွေချည်းပဲ။ ကျွန်တော်ကတော့ သဘောကျတယ်” လို့ ထူးအယ်လင်းက ပြောပါတယ်။

ဆက်လက်ပြီး သူ့သားသမီးတွေနဲ့ ပတ်သက်လို့ ခံစားမိတာတွေကိုလည်း ထူးအယ်လင်းက ပြောပြပါတယ်။ ”ကျွန်တော်က သားသမီးမွေးဖွားရင် လည်း ချစ်တယ်ဗျ။ ဘာကြောင့်လဲဆို တော့ မိန်းမတွေကို ကြာတော့ မချစ် ဘူးဗျ။ သိလား။ သူတို့တွေက ဒုက္ခ ပေးတယ်။ တစ်ခါတလေကျလို့ ရှိရင် လေ။ ကိုယ်လည်း ဒုက္ခပေးတာပဲလေ။ သားသမီးတွေကျတော့ သနားဖို့ သိပ်ကောင်းတယ်။ ဒါကြောင့်မို့ ကျွန်တော် ပရဟိတအလုပ်တွေလုပ် နေတာ။ သားသမီးတွေက တအား ခံစားရတယ်ဗျ။ ကျွန်တော် မိဘမဲ့ ဂေဟာတွေ ဒါကြောင့်သွားတာ။ ကျွန်တော့်ဖီလင်နဲ့ ကျွန်တော်သွား တာ။ သားသမီးတွေက အင်မတန်ရိုး သားပါတယ်။ ကျွန်တော့်သားသမီး တွေကို ကျွန်တော်ပြောတာက မင်းတို့ ကြိုက်တာလုပ်။ လုပ်ချင်သလိုလုပ်။ နံပါတ်တစ် ကိုယ့်ကိုယ်ကိုယ် မထိခိုက် စေနဲ့။ နံပါတ်နှစ် မင်းတို့နဲ့ ပတ်သက် ပြီးတော့ ပတ်ဝန်းကျင်၊ မိဘ၊ ကိုယ့် ညီအစ်ကို၊ သူငယ်ချင်းအသိုင်းအဝိုင်း မထိခိုက်စေနဲ့။ ကြိုက်တာလုပ်၊ ဆော်သာဆော်။ ကိုယ့်ကို ထိခိုက် လာရင်လည်း မခံနဲ့။ အဆင်ပြေသလို ဖြေရှင်း။ ဒါပဲ” လို့ ထူးအယ်လင်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here