ဖေ့စ်ဘွတ်ခ်မှာQuestion MarkပုံစံProfileချိန်းကြတာ ဘာလုပ်ဖို့လဲ

0
195

နည်းနည်းလေးတော့ကြာပြီ။ G Fatt တို့၊ Ice Cold တို့၊ ပြီးတော့ ပရိသတ်တွေထဲမှာလည်း တွေ့ရ တယ်။ သူတို့ ဖေ့စ်ဘွတ်ခ်မှာ Question Mark ပုံစံ Profile ချိန်းကြတာလေးကိုပါ။ အဲဒါဘာသင်္ကေတ လဲဆိုတာ G Fatt နဲ့ တွေ့တုန်းမေးဖြစ်တော့…

”ကျွန်တော်တို့တွေ Question Mark လေးတွေချိန်းကြတယ်။ ပရိသတ်တွေ စိတ်ဝင်စားကြတယ်။ ကျွန်တော့်သူငယ်ချင်းတွေလည်း ကျွန်တော့်ကို ဝိုင်းဝန်းပြီးတော့ Question Mark လေးတွေ ချိန်းပေးကြတယ်။ ဒီ Question Mark အ တွက်ကို ကျွန်တော်တို့က ဆယ်ရက်လောက်အတွင်းမှာ ပရိသတ်တွေအတွက် သူတို့စိတ်ကျေနပ်လောက်မယ့်၊ သူတို့အားရမယ့်၊ သူတို့မြင်တာနဲ့ ကျွန်တော်တို့ အလုပ်သေသေချာချာလုပ်ထားတယ်ဆိုတာကို သိရမယ့်ဟာတစ်ခုကို ကျွန်တော်တို့ ဖန်တီးထားပါ တယ်။ မကြာခင် သိရတော့မှာပါ”လို့ G Fatt က ပြောပါတယ်။

လာမယ့် နိုဝင်ဘာလထဲက နေ့လေးတစ်ရက်ကိုလည်း မှတ်သားထားပေးဖို့ G Fatt က တောင်းဆို ထားပါသေးတယ်။ သူ့မှာ ပဟေဠိတွေ တော်တော်များနေတယ်။ အဲဒါ ကကောလို့ ဆိုတော့ …

”ကျွန်တော့်ကို အားပေးနေကြတဲ့ ပရိသတ်တွေအားလုံးအတွက် ကျွန်တော်လုပ်ထား တဲ့ အလုပ်တွေ၊ ထွက်ရှိလာမယ့်သီချင်းတွေကို စောင့်မျှော်ပေးကြပါဦးခင်ဗျာ။ နိုဝင်ဘာ ၁၁ ရက်နေ့ကိုလည်း Note ပေးထား ဖို့အတွက် အားလုံးကို ကျွန်တော် တောင်းဆိုပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့ ကျွန်တော်ဘာလုပ်မှာလဲ၊ နိုဝင်ဘာ ၁၁ ရက်နေ့က ဘယ်လိုနေ့မျိုးဖြစ်မှာလဲဆိုတာ အတွက်ကို ကျွန်တော်ကြိုတင်ပြီး ကြေညာသွားပါမယ်” လို့ G Fatt က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here